အိႏၵိယသမုဒၵရာေဒသ၌ ကြတ္ခ္ကြၽန္းစုမွတ္ပုံတင္ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္တပ္မေတာ္ ဖမ္းဆီး

အိႏၵိယသမုဒၵရာေဒသ၌ ကြတ္ခ္ကြၽန္းစုမွတ္ပုံတင္ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္တပ္မေတာ္ ဖမ္းဆီး
======================
ေဖေဖာ္ဝါရီ ၂၆
အေမရိကန္အစိုးရ အေရးယူပိတ္ဆို႔မႈစာရင္းတြင္ ပါဝင္ေနေသာ ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္ တပ္မေတာ္က အိႏၵိယသမုဒၵရာေဒသ၌ ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ ဖမ္းဆီးခဲ့ေၾကာင္း RT သတင္းဌာနတြင္ ေဖာ္ျပ ထားသည္။
အဆိုပါေရနံတင္သေဘၤာကို ကာေရဘီယံေဒသမွစ၍ေျခရာခံလိုက္ခဲ့ၿပီး အိႏၵိယသမုဒၵရာေဒသ၌ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
အေမရိကန္ တပ္မေတာ္သည္ ယခုႏွစ္ ဇန္နဝါရီလအတြင္း ဗင္နီဇြဲလားသမၼတ မာဒူ႐ိုကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း အိႏၵိယသမုဒၵရာေဒသ၌ ေရနံတင္သေဘၤာ သုံးစီးဖမ္းဆီးခဲ့ၿပီး ျဖစ္သည္။ အေမရိကန္တပ္မေတာ္က ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ ဖမ္းဆီးခဲ့သည့္သေဘၤာမွာ ကြတ္ခ္ကြၽန္းစု၌ မွတ္ပုံတင္ ထားသည့္ သည္ဘာသ သေဘၤာျဖစ္ေၾကာင္း သိရသည္။
သည္ဘာသ ေရနံတင္သေဘၤာကို အေမရိကန္ဘ႑ာေရး ဝန္ႀကီးဌာနက ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလကပင္ အေရးယူပိတ္ဆို႔ထားျခင္းျဖစ္သည္။
သည္ဘာသ ေရနံတင္သေဘၤာ သည္ အေမရိကန္အစိုးရ၏ ေရေၾကာင္းပိတ္ဆို႔မႈကို ခ်ိဳးေဖာက္၍ ကာေရဘီယံေဒသမွ ထြက္ခြာသြားသည့္ သေဘၤာျဖစ္ေၾကာင္း RT သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
အိန္ဒိယသမုဒ္ဒရာဒေသ၌ ကွတ်ခ်ကျွန်းစုမှတ်ပုံတင်ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်တပ်မတော် ဖမ်းဆီး
======================
ဖေဖော်ဝါရီ ၂၆
အမေရိကန်အစိုးရ အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေသော ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန် တပ်မတော်က အိန္ဒိယသမုဒ္ဒရာဒေသ၌ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း RT သတင်းဌာနတွင် ဖော်ပြ ထားသည်။
အဆိုပါရေနံတင်သင်္ဘောကို ကာရေဘီယံဒေသမှစ၍ခြေရာခံလိုက်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာဒေသ၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အမေရိကန် တပ်မတော်သည် ယခုနှစ် ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာဒေသ၌ ရေနံတင်သင်္ဘော သုံးစီးဖမ်းဆီးခဲ့ပြီး ဖြစ်သည်။ အမေရိကန်တပ်မတော်က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖမ်းဆီးခဲ့သည့်သင်္ဘောမှာ ကွတ်ခ်ကျွန်းစု၌ မှတ်ပုံတင် ထားသည့် သည်ဘာသ သင်္ဘောဖြစ်ကြောင်း သိရသည်။
သည်ဘာသ ရေနံတင်သင်္ဘောကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကပင် အရေးယူပိတ်ဆို့ထားခြင်းဖြစ်သည်။
သည်ဘာသ ရေနံတင်သင်္ဘော သည် အမေရိကန်အစိုးရ၏ ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်၍ ကာရေဘီယံဒေသမှ ထွက်ခွာသွားသည့် သင်္ဘောဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။




