လႊတ္ေတာ္ဆိုင္ရာေဆြးေႏြးပြဲ အခမ္းအနားသို႔ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း တက္ေရာက္


လႊတ္ေတာ္ဆိုင္ရာေဆြးေႏြးပြဲ အခမ္းအနားသို႔ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း တက္ေရာက္
==================
မႏၲေလး ေဖေဖာ္ဝါရီ ၂၃
(၂၃-၂-၂၀၂၆)ရက္ေန႔(၀၉:၃၀)အခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမ၌ လႊတ္ေတာ္ဆိုင္ရာေဆြးေႏြးပြဲ အခမ္းအနား က်င္းပျပဳလုပ္ခဲ့ပါသည္။
အခမ္းအနားသို႔ ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠဌ(၂)ဦးလွထြန္း၊ပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္း၊ဦးတင့္လႈိင္ျမင့္၊ပါတီဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးၫြန္႔ေဆာင္၊ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္ႏွင့္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊လႊတ္ေတာ္အဆင့္ဆင့္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊စုစုေပါင္းအင္အား ၆၀ဦး တက္ေရာက္ခဲ့ၾကပါသည္။
အခမ္းအနားတြင္ တက္ေရာက္လာသူမ်ားက ႏိူင္ငံေတာ္အလံအေလးျပဳကာ ႏိူင္ငံေတာ္သီခ်င္း သီဆိုဖြင့္လွစ္ခဲ့ၿပီး တက္ေရာက္လာသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္တစ္ဦးခ်င္း မိတ္ဆက္ေပးခဲ့ပါသည္။
၎ေနာက္ ဒုတိယဥကၠဌ(၂)ဦးလွထြန္းက က်င္းပၿပီးစီးခဲ့သည့္ ေ႐ြးေကာက္ပြဲရလာဒ္မ်ား၊ျဖတ္သန္းႀကဳံေတြ႕ခဲ့ရသည့္ အေျခအေနမ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ တိုင္းျပည္ေကာင္းေအာင္ေဆာင္႐ြက္လိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ေ႐ြးေကာက္ပြဲေအာင္ႏိူင္ေရး ႀကိဳးစားေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွာ ျပည္သူက အားကိုးယုံၾကည္၍ မဲေပးေ႐ြးခ်ယ္ခဲ့သည့္ ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖစ္ေၾကာင္း၊ထို႔ျပင္ ပါတီ၏ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းပါ ကတိကဝတ္ျပဳထားသည့္ လုပ္ငန္းစဥ္မ်ားကို သေဘာက် အားကိုး၍ မဲေပးခဲ့ျခင္းျဖစ္သည့္အတြက္ ကတိကဝတ္ျပဳထားသည့္ လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ပါတီေအာင္ႏိူင္ေရးအတြက္ ပါတီဗဟိုဌာနခ်ဳပ္မွလည္း ႀကိဳတင္ျပင္ေဆာင္႐ြက္ခဲ့ေၾကာင္း၊တိုင္းျပည္ေကာင္းေအာင္ ဖြံၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ရမည့္တာဝန္မွာ ကိုယ္စားလွယ္မ်ား၏ တာဝန္ျဖစ္ေၾကာင္း၊ျပည္သူကို အလုပ္အ ေကြၽးျပဳရမည္ျဖစ္ေၾကာင္း၊တာဝန္ယူမႈ၊တာဝန္ခံမႈ၊စုေပါင္းဦးေဆာင္မႈျဖင့္ ေဆာင္႐ြက္သြားေစလိုေၾကာင္းျဖင့္ ေဆြးေႏြးမွာၾကားခဲ့ပါသည္။
၎ေနာက္ ပါတီဗဟိုအလုပ္အမႈ ေဆာင္၊မိတၳီလာၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္(ဒုတိယအႀကိမ္) ေဒါက္တာေမာင္သင္းႏွင့္ပါတီဗဟိုေကာ္မတီဝင္၊အမရပူရၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္(ပထမအႀကိမ္) ဦးသိန္းထြန္းဦး၊ပါတီဗဟိုေကာ္မတီဝင္၊ရမည္းသင္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(ပထမအႀကိမ္) ဦးေက်ာ္ျမင့္တို႔က လႊတ္ ေတာ္အေတြ႕အႀကဳံမ်ား၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေဆာင္႐ြက္ရမည့္ လုပ္ငန္းတာဝန္မ်ား၊ေမးခြန္းမ်ားေမးျမန္းျခင္း၊အဆိုမ်ားတင္သြင္းျခင္း၊ဥပေဒျပဳျခင္းမ်ားႏွင့္ပတ္သက္၍ ေဆာင္႐ြက္ရမည္လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး တက္ေရာက္လာသူမ်ားမွ သိရွိလိုသည္မ်ား ေမးျမန္းခဲ့ၾကပါသည္။
၎ေနာက္ ပါတီဗဟိုအလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက ျပန္လည္ရွင္းလင္းေျဖၾကားခဲ့ၿပီး ၁၉-၂-၂၀၂၆ ရက္ေန႔က ပါတီဗဟိုဌာနခ်ဳပ္တြင္ က်င္းပသည့္ လႊတ္ ေတာ္ဆိုင္ရာေဆြးေႏြးပြဲ၌ ပါတီဗဟိုဥကၠဌ ဦးခင္ရီ၏ လမ္းၫႊန္မွာၾကားခ်က္မ်ား၊ေဆြးေႏြးပြဲအေတြ႕အႀကဳံမ်ားႏွင့္ ၂၀-၂-၂၀၂၆ ရက္ေန႔ကျပဳလုပ္သည့္ ဗဟိုအလုပ္အမႈ ေဆာင္စုံညီအစည္းအေဝးတြင္ ပါတီအႀကီးအကဲမ်ား၏ လမ္းၫႊန္မွာၾကားခ်က္မ်ား၊ဆက္လက္ေဆာင္႐ြက္ရန္ လမ္းၫႊန္ခဲ့သည့္ ေရွ႕လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး ၁၅:၀၀ နာရီအခ်ိန္တြင္ ေဆြးေႏြးပြဲအား ႐ုပ္သိမ္းခဲ့ပါသည္။
ယေန႔ က်င္းပျပဳလုပ္သည့္ ေဆြးေႏြးပြဲတြင္ ဒုတိယဥကၠဌ ဦးလွထြန္းက တက္ေရာက္လာသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ေန႔လည္စာေကြၽးေမြးရန္အတြက္ (၅၀၀၀၀၀)သိန္းက်ပ္ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရွိရပါသည္။
လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း တက်ရောက်
==================
မန္တလေး ဖေဖော်ဝါရီ ၂၃
(၂၃-၂-၂၀၂၆)ရက်နေ့(၀၉:၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ(၂)ဦးလှထွန်း၊ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ဦးတင့်လှိုင်မြင့်၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊လွှတ်တော်အဆင့်ဆင့်မှ လွှတ်တော်ကိုယ်စားလှယ်များ၊စုစုပေါင်းအင်အား ၆၀ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တက်ရောက်လာသူများက နိူင်ငံတော်အလံအလေးပြုကာ နိူင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပါသည်။
၎င်းနောက် ဒုတိယဥက္ကဌ(၂)ဦးလှထွန်းက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲရလာဒ်များ၊ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်ကောင်းအောင်ဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲအောင်နိူင်ရေး ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊လွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူက အားကိုးယုံကြည်၍ မဲပေးရွေးချယ်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြောင်း၊ထို့ပြင် ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်ပြုထားသည့် လုပ်ငန်းစဥ်များကို သဘောကျ အားကိုး၍ မဲပေးခဲ့ခြင်းဖြစ်သည့်အတွက် ကတိကဝတ်ပြုထားသည့် လုပ်ငန်းစဥ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ပါတီအောင်နိူင်ရေးအတွက် ပါတီဗဟိုဌာနချုပ်မှလည်း ကြိုတင်ပြင်ဆောင်ရွက်ခဲ့ကြောင်း၊တိုင်းပြည်ကောင်းအောင် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့်တာဝန်မှာ ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ကြောင်း၊ပြည်သူကို အလုပ်အ ကျွေးပြုရမည်ဖြစ်ကြောင်း၊တာဝန်ယူမှု၊တာဝန်ခံမှု၊စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်သွားစေလိုကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှု ဆောင်၊မိတ္ထီလာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(ဒုတိယအကြိမ်) ဒေါက်တာမောင်သင်းနှင့်ပါတီဗဟိုကော်မတီဝင်၊အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်(ပထမအကြိမ်) ဦးသိန်းထွန်းဦး၊ပါတီဗဟိုကော်မတီဝင်၊ရမည်းသင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ပထမအကြိမ်) ဦးကျော်မြင့်တို့က လွှတ် တော်အတွေ့အကြုံများ၊လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊မေးခွန်းများမေးမြန်းခြင်း၊အဆိုများတင်သွင်းခြင်း၊ဥပဒေပြုခြင်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည်လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ၁၉-၂-၂၀၂၆ ရက်နေ့က ပါတီဗဟိုဌာနချုပ်တွင် ကျင်းပသည့် လွှတ် တော်ဆိုင်ရာဆွေးနွေးပွဲ၌ ပါတီဗဟိုဥက္ကဌ ဦးခင်ရီ၏ လမ်းညွှန်မှာကြားချက်များ၊ဆွေးနွေးပွဲအတွေ့အကြုံများနှင့် ၂၀-၂-၂၀၂၆ ရက်နေ့ကပြုလုပ်သည့် ဗဟိုအလုပ်အမှု ဆောင်စုံညီအစည်းအဝေးတွင် ပါတီအကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များ၊ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ၁၅:၀၀ နာရီအချိန်တွင် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဒုတိယဥက္ကဌ ဦးလှထွန်းက တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များအား နေ့လည်စာကျွေးမွေးရန်အတွက် (၅၀၀၀၀၀)သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။




