ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ အာဏာရအလုပ္သမားပါတီ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ျပန္လည္ေ႐ြးခ်ယ္ခံရ

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ အာဏာရအလုပ္သမားပါတီ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ျပန္လည္ေ႐ြးခ်ယ္ခံရ
===========================
(ႏိုင္ငံတကာ) ေဖေဖာ္ဝါရီ ၂၄
ေျမာက္ကိုရီးယားႏိုင္ငံတြင္ က်င္းပသည့္ (၉)ႀကိမ္ေျမာက္ အာဏာရအလုပ္သမားပါတီညီလာခံက ႏိုင္ငံ့ ေခါင္းေဆာင္ ကင္ဂ်ဳံအန္ အား အလုပ္သမားပါတီ၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ျပန္လည္ေ႐ြးခ်ယ္ တင္ေျမႇာက္ ခဲ့ေၾကာင္း ကိုရီးယားဗဟိုသတင္းေအဂ်င္စီက ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။
အလုပ္သမားပါတီႏွင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပါတီညီလာခံသို႔ တက္ေရာက္လာသည့္ ကိုယ္စားလွယ္ မ်ား၊ ပါတီဝင္မ်ားအပါအဝင္ ျပည္သူတစ္ရပ္လုံးႏွင့္ တပ္မေတာ္သားမ်ား၏ တူညီသည့္ဆႏၵအရ ႏိုင္ငံ့ေခါင္းေဆာင္ ကင္ဂ်ဳံအန္ အား အလုပ္သမားပါတီ၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ျပန္လည္ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ျခင္း ျဖစ္ေၾကာင္း ကိုရီးယားဗဟိုသတင္းေအဂ်င္စီက သတင္းထုတ္ျပန္ခဲ့သည္။
ႏိုင္ငံ့ေခါင္းေဆာင္ ကင္ဂ်ဳံအန္ ၏လက္ထက္တြင္ ေျမာက္ကိုရီးယားႏိုင္ငံ၏စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ခဲ့ၿပီး ႏိုင္ငံကာကြယ္ေရးအတြက္ အဓိကက်သည့္ န်ဴကလီးယားဖြံ႕ၿဖိဳးတိုးတက္ေရးကို ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ခဲ့သည့္ အတြက္ အာဏာရပါတီ၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္ရာထူးတာဝန္ကို ျပန္လည္ထမ္းေဆာင္ရန္ ၎အား ေ႐ြးခ်ယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါညီလာခံတြင္ အလုပ္သမားပါတီ၏ ဗဟိုေကာ္မတီအဖြဲ႕ဝင္မ်ားကိုလည္း ေ႐ြးခ်ယ္ခဲ့ေၾကာင္းႏွင့္ ပါတီ၏ စည္းမ်ဥ္းမ်ားကို ျပန္လည္ျပင္ဆင္ရန္ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ေၾကာင္း ကိုရီးယားဗဟိုသတင္းေအဂ်င္စီက သတင္း ထုတ္ျပန္ထားေၾကာင္း ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အာဏာရအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရ
===========================
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၄
မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် အာဏာရအလုပ်သမားပါတီညီလာခံက နိုင်ငံ့ ခေါင်းဆောင် ကင်ဂျုံအန် အား အလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ် တင်မြှောက် ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အလုပ်သမားပါတီနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါတီညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ် များ၊ ပါတီဝင်များအပါအဝင် ပြည်သူတစ်ရပ်လုံးနှင့် တပ်မတော်သားများ၏ တူညီသည့်ဆန္ဒအရ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန် အား အလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန် ၏လက်ထက်တွင် မြောက်ကိုရီးယားနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နိုင်ငံကာကွယ်ရေးအတွက် အဓိကကျသည့် နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အတွက် အာဏာရပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးတာဝန်ကို ပြန်လည်ထမ်းဆောင်ရန် ၎င်းအား ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါညီလာခံတွင် အလုပ်သမားပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်များကိုလည်း ရွေးချယ်ခဲ့ကြောင်းနှင့် ပါတီ၏ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက သတင်း ထုတ်ပြန်ထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။



