ကေမာၻဒီးယားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသား(၁၆၈)ဦးကိုျပန္လည္ေခၚေဆာင္


ကေမာၻဒီးယားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသား(၁၆၈)ဦးကိုျပန္လည္ေခၚေဆာင္
========================
ေဖေဖာ္ဝါရီ ၂၄
ကေမာၻဒီးယားႏိုင္ငံအတြင္း အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္ခဲ့သည့္ ျမန္မာႏိုင္ငံသားမ်ားကို ျပန္လည္ေခၚေဆာင္ေနေၾကာင္း သိရသည္။
ကေမာၻဒီးယားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးသို႔ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသား ၈၇ ဦးကို တပ္မေတာ္ ေလယာဥ္ျဖင့္ ျမန္မာႏိုင္ငံသားမ်ားကို ယေန႔မြန္းလြဲပိုင္းတြင္ၿမိတ္ၿမိဳ႕၊ ညပိုင္းတြင္ ျမန္မာႏိုင္ငံသား ၈၁ ဦး ကို တပ္မေတာ္ေလယာဥ္ျဖင့္ ရန္ကုန္ၿမိဳ႕ သို႔ ထပ္မံေခၚေဆာင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံေတာ္အစိုးရအေနျဖင့္ ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးသို႔ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားအား ျပန္လည္ေခၚေဆာင္ေပးလ်က္ရွိရာ ေဖေဖာ္ဝါရီ ၇ ရက္ေန႔အထိ ျမန္မာႏိုင္ငံသား ၁၀၈၆ ဦးအား ျမန္မာ့ေလေၾကာင္းလိုင္း (MAI)ႏွင့္ တပ္မေတာ္ေလယာဥ္မ်ားျဖင့္ အသီးသီးျပန္လည္ေခၚေဆာင္ႏိုင္ခဲ့ၿပီး ယေန႔တြင္လည္း ျမန္မာႏိုင္ငံသား ၁၆၈ ဦးကို ျပန္လည္ေခၚေဆာင္ ေပးႏိုင္ခဲ့သျဖင့္ စုစုေပါင္း ျမန္မာႏိုင္ငံသား ၁၂၅၄ ဦး ျပန္လည္ေရာက္ရွိခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
ကေမာၻဒီးယားႏိုင္ငံအတြင္း အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္ခဲ့ၿပီး ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးသို႔ ကိုယ္တိုင္လာေရာက္သတင္းပို႔သည့္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ကေမာၻဒီးယားႏိုင္ငံမွ ရဲတပ္ဖြဲ႕မ်ားႏွင့္ သက္ဆိုင္ရာဌာနမ်ားက လႊဲေျပာင္းေပးအပ္ခဲ့သည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေခၚယူသည့္ လုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္လ်က္ေပးလ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနထိုင္ေနၾကသည့္ ျမန္မာႏိုင္ငံသားမ်ား ျပည္ပတြင္ေနထိုင္စဥ္ကာလအတြင္း အဆင္ေျပ ေခ်ာေမြ႕ေစရန္ သက္ဆိုင္ရာႏိုင္ငံအသီးသီးရွိ ျမန္မာသံ႐ုံးမ်ားမွတဆင့္ အခက္အခဲမ်ားကိုတင္ျပေတာင္းခံလာပါက လိုအပ္သည့္ကူညီေစာင့္ေရွာက္ေပးျခင္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား(၁၆၈)ဦးကိုပြန်လည်ခေါ်ဆောင်
========================
ဖေဖော်ဝါရီ ၂၄
ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်နေကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈၇ ဦးကို တပ်မတော် လေယာဉ်ဖြင့် မြန်မာနိုင်ငံသားများကို ယနေ့မွန်းလွဲပိုင်းတွင်မြိတ်မြို့၊ ညပိုင်းတွင် မြန်မာနိုင်ငံသား ၈၁ ဦး ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့ သို့ ထပ်မံခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် အသီးသီးပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ယနေ့တွင်လည်း မြန်မာနိုင်ငံသား ၁၆၈ ဦးကို ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း မြန်မာနိုင်ငံသား ၁၂၅၄ ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့်ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ ပြည်ပတွင်နေထိုင်စဉ်ကာလအတွင်း အဆင်ပြေ ချောမွေ့စေရန် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများမှတဆင့် အခက်အခဲများကိုတင်ပြတောင်းခံလာပါက လိုအပ်သည့်ကူညီစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။




