တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ား စတင္ထုတ္ေပး

တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ား စတင္ထုတ္ေပး
==================
ေဖေဖာ္ဝါရီ ၂၃

တကၠသိုလ္ဝင္စာေမးပြဲႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး တကၠသိုလ္ဝင္စာေမးပြဲမ်ားကို မတ္လ ၁၁ ရက္မွ စတင္က်င္းပသြားမည္ျဖစ္ၿပီး စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card) မ်ားကို ေဖေဖာ္ဝါရီလ ၂၃ ရက္ စတင္ထုတ္ယူႏိုင္ၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ အသိေပးေၾကညာထားပါတယ္။

အဆိုပါအသိေပးေၾကညာခ်က္မ်ားအရတကၠသိုလ္ဝင္စာေမးပြဲကို ၂၀၂၆ ခုႏွစ္၊ မတ္လ ၁၁ ရက္မွ ၁၇ ရက္အထိ က်င္းပသြားမွာျဖစ္ၿပီး စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး တကၠသိုလ္ဝင္စာေမးပြဲကိုေတာ့ မတ္လ ၁၁ ရက္မွ မတ္လ ၁၈ ရက္အထိ က်င္းပသြားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ စာေမးပြဲမ်ား ေျဖဆိုခြင့္ေလွ်ာက္ထားၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနနဲ႔ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီလ ၂၃ ရက္မွစ၍ မိမိတို႔ ေျဖဆိုရမည့္ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ား၊ ေက်ာင္းအုပ္ႀကီးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္း သိရပါတယ္။

စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ား ထုတ္ယူရာမွာ အခက္အခဲရွိပါက ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနနဲ႔ သက္ဆိုင္ရာေက်ာင္းအုပ္ႀကီးမ်ား၊ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ား၊ ၿမိဳ႕နယ္ပညာေရးမႉးမ်ားႏွင့္ ျမန္မာႏိုင္ငံ စာစစ္ဌာနဦးစီးဌာနထံ တိုက္႐ိုက္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ အသိေပးထားပါတယ္။


တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး
==================
ဖေဖော်ဝါရီ ၂၃

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ဖေဖော်ဝါရီလ ၂၃ ရက် စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးကြေညာထားပါတယ်။

အဆိုပါအသိပေးကြေညာချက်များအရတက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ်လ ၁၁ ရက်မှ မတ်လ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် စာမေးပွဲများ ဖြေဆိုခွင့်လျှောက်ထားကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရပါတယ်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာမှာ အခက်အခဲရှိပါက ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဌာနဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထားပါတယ်။