အာဆင္နယ္အသင္းရဲ႕ လစာအမ်ားဆုံးကစားသမားျဖစ္လာတဲ့ ဆာကာ

အာဆင္နယ္အသင္းရဲ႕ လစာအမ်ားဆုံးကစားသမားျဖစ္လာတဲ့ ဆာကာ
=======================
အာဆင္နယ္အသင္းဟာ အဂၤလန္ေတာင္ပံကစားသမား ဆာကာကို ၂၀၃၁ ခုႏွစ္အထိ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဆာကာဟာ အာဆင္နယ္အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားျဖစ္သလို၊ ၂၀၁၉-၂၀ ရာသီကစၿပီး အသင္းရဲ႕ အမာခံကစားသမားတစ္ဦးအျဖစ္ ရပ္တည္လာခဲ့သူပါ။

ဆာကာရဲ႕ မူလစာခ်ဳပ္က ၂၀၂၇ ခုႏွစ္အထိျဖစ္ၿပီး သက္တမ္းတိုးဖို ၿပီးခဲ့တဲ့လကတည္းက သေဘာတူညီမႈရရွိခဲ့တာျဖစ္ေပမဲ့ အခုမွ လက္မွတ္ထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဆာကာဟာ အရင္က အာဆင္နယ္အသင္းမွာ တစ္ပတ္လစာ ေပါင္(၁၉၅၀၀၀)သာရရွိေနသူျဖစ္ၿပီး စာခ်ဳပ္သစ္အရ တစ္ပတ္ေပါင္(၃၀၀၀၀၀) ရရွိမွာျဖစ္တာေၾကာင့္ အသင္းရဲ႕လစာအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။

ဆာကာဟာ အသက္(၂၄)ႏွစ္သာရွိေသးေပမဲ့ အာဆင္နယ္အသင္းအတြက္ (၂၉၆)ပြဲကစားကာ (၇၇)ဂိုး သြင္းယူေပးထားသူျဖစ္ၿပီး ဆာကာကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ျခင္းက ကစားသမားသစ္ေတြ ေခၚယူႏိုင္တာထက္ ပိုၿပီးအေရးပါေၾကာင္း သုံးသပ္ေဖာ္ျပမႈေတြလည္း ရွိေနပါတယ္။ #Eleven


အာဆင်နယ်အသင်းရဲ့ လစာအများဆုံးကစားသမားဖြစ်လာတဲ့ ဆာကာ
=======================
အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမား ဆာကာကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဆာကာဟာ အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်သလို၊ ၂၀၁၉-၂၀ ရာသီကစပြီး အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်လာခဲ့သူပါ။

ဆာကာရဲ့ မူလစာချုပ်က ၂၀၂၇ ခုနှစ်အထိဖြစ်ပြီး သက်တမ်းတိုးဖို ပြီးခဲ့တဲ့လကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပေမဲ့ အခုမှ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဆာကာဟာ အရင်က အာဆင်နယ်အသင်းမှာ တစ်ပတ်လစာ ပေါင်(၁၉၅၀၀၀)သာရရှိနေသူဖြစ်ပြီး စာချုပ်သစ်အရ တစ်ပတ်ပေါင်(၃၀၀၀၀၀) ရရှိမှာဖြစ်တာကြောင့် အသင်းရဲ့လစာအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဆာကာဟာ အသက်(၂၄)နှစ်သာရှိသေးပေမဲ့ အာဆင်နယ်အသင်းအတွက် (၂၉၆)ပွဲကစားကာ (၇၇)ဂိုး သွင်းယူပေးထားသူဖြစ်ပြီး ဆာကာကို စာချုပ်သက်တမ်းတိုးနိုင်ခြင်းက ကစားသမားသစ်တွေ ခေါ်ယူနိုင်တာထက် ပိုပြီးအရေးပါကြောင်း သုံးသပ်ဖော်ပြမှုတွေလည်း ရှိနေပါတယ်။ #Eleven