ကိုပါအီတာလီယာၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္ကို ကိုမိုအသင္း ႏွစ္ေပါင္း(၄၀)အတြင္း ပထမဆုံးအႀကိမ္တက္ေရာက္

ကိုပါအီတာလီယာၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္ကို ကိုမိုအသင္း ႏွစ္ေပါင္း(၄၀)အတြင္း ပထမဆုံးအႀကိမ္တက္ေရာက္
====================================
ကိုမိုအသင္းဟာ မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ ကိုပါအီတာလီယာ ကြာတားဖိုင္နယ္မွာ နာပိုလီအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ကိုပါအီတာလီယာၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို ႏွစ္ေပါင္း(၄၀)အတြင္း ပထမဆုံးအႀကိမ္ တက္ေရာက္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
နာပိုလီကြင္းမွာ ယွဥ္ၿပိဳင္ရတဲ့ပြဲမွာ ပုံမွန္ပြဲခ်ိန္အတြင္း (၁-၁)ဂိုးနဲ႔ သေရက်ေနခဲ့တာေၾကာင့္ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာ ကိုမိုအသင္းက (၇-၆)ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။
ကိုမိုအသင္းဟာ ကိုပါအီတာလီယာၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္ကို ၁၉၈၆ ခုႏွစ္က တစ္ႀကိမ္သာ ေရာက္ရွိဖူးတာေၾကာင့္ ႏွစ္ေပါင္း(၄၀) ၾကာျမင့္ခ်ိန္မွာမွ ဒုတိယအႀကိမ္ တစ္ေက်ာ့ျပန္တက္ေရာက္ႏိုင္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ကိုမိုအသင္းဟာ ဆီမီးဖိုင္နယ္မွာ အင္တာမီလန္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ကိုပါအီတာလီယာဆီမီးဖိုင္နယ္အဆင့္ကို အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့ယွဥ္ၿပိဳင္ရမွာပါ။
ပထမအေက်ာ့ကို မတ္လပထမပတ္၊ ဒုတိယအေက်ာ့ကို ဧၿပီလ(၂၀)ရက္ဝန္းက်င္မွာ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး တျခားဆီမီးဖိုင္နယ္အတြက္ေတာ့ ဒီေန႔ည ဘိုေလာ့ဂ္နာ – လာဇီယိုပြဲၿပီးမွ အေျဖထြက္မွာပါ။
ဗိုလ္လုပြဲကိုေတာ့ ေမ(၁၃)မွာ ေရာမၿမိဳက Stadio Olimpico မွာ က်င္းပမွာျဖစ္ေၾကာင္း သိရပါတယ္။ #Eleven
ကိုပါအီတာလီယာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို ကိုမိုအသင်း နှစ်ပေါင်း(၄၀)အတွင်း ပထမဆုံးအကြိမ်တက်ရောက်
====================================
ကိုမိုအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအီတာလီယာ ကွာတားဖိုင်နယ်မှာ နာပိုလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ကိုပါအီတာလီယာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို နှစ်ပေါင်း(၄၀)အတွင်း ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
နာပိုလီကွင်းမှာ ယှဉ်ပြိုင်ရတဲ့ပွဲမှာ ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျနေခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ကိုမိုအသင်းက (၇-၆)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ကိုမိုအသင်းဟာ ကိုပါအီတာလီယာပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ၁၉၈၆ ခုနှစ်က တစ်ကြိမ်သာ ရောက်ရှိဖူးတာကြောင့် နှစ်ပေါင်း(၄၀) ကြာမြင့်ချိန်မှာမှ ဒုတိယအကြိမ် တစ်ကျော့ပြန်တက်ရောက်နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ကိုမိုအသင်းဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကိုပါအီတာလီယာဆီမီးဖိုင်နယ်အဆင့်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ရမှာပါ။
ပထမအကျော့ကို မတ်လပထမပတ်၊ ဒုတိယအကျော့ကို ဧပြီလ(၂၀)ရက်ဝန်းကျင်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး တခြားဆီမီးဖိုင်နယ်အတွက်တော့ ဒီနေ့ည ဘိုလော့ဂ်နာ – လာဇီယိုပွဲပြီးမှ အဖြေထွက်မှာပါ။
ဗိုလ်လုပွဲကိုတော့ မေ(၁၃)မှာ ရောမမြိုက Stadio Olimpico မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ #Eleven




