ေပ်ာ္ဘြယ္ၿမိဳ႕ေရေပးေဝေရးလုပ္ငန္းေဆာင္႐ြက္မႈႏွင့္ပက္သက္၍ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးႏွင့္ စည္ပင္သာယာေရး အဖြဲ႕တို႔ေတြ႕ဆုံညႇိႏႈိင္း



ေပ်ာ္ဘြယ္ၿမိဳ႕ေရေပးေဝေရးလုပ္ငန္းေဆာင္႐ြက္မႈႏွင့္ပက္သက္၍ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးႏွင့္ စည္ပင္သာယာေရး အဖြဲ႕တို႔ေတြ႕ဆုံညႇိႏႈိင္း
================================
ေပ်ာ္ဘြယ္ ၊ ေဖေဖာ္ဝါရီ ၁၀
ေပ်ာ္ဘြယ္ၿမိဳ႕၊ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ေရေပးေဝေရးလုပ္ငန္းေဆာင္႐ြက္မႈအေျခအေန ႏွင့္ပက္သက္၍ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႈး ၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မွ ဌာနဆိုင္ရင္ဝန္ထမ္းမ်ားေတြ႕ဆုံညႇိႏႈိင္းအစည္းအေဝး ကို ေဖေဖာ္ဝါရီလ ၈ရက္ေန႔က ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ စည္ပင္သာယာေရးေကာ္မတီ႐ုံးတြင္ က်င္းပျပဳလုပ္ခဲ့သည္။
ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ေရေပးေဝေရးလုပ္ငန္းမ်ားႏွင့္ပက္သက္၍ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးက လိုအပ္ခ်က္မ်ားကို ေမးျမန္းေဆာင္႐ြက္ခဲ့ၿပီး အလွည့္က်စနစ္ေရေပးေဝမႈကို လက္ရွိေရေပးေဝမႈထက္ ပိုမိုအဆင္ေျပေစရန္ ညႇိႏႈိင္းေဆြးေႏြးေဆာင္႐ြက္ႏိုင္ရန္ အႀကံျပဳေဆြးေႏြးေဆာင္႐ြက္ခဲ့သည္။
ေပ်ာ္ဘြယ္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕တာဝန္ရွိသူမ်ားက ေရေပးေဝေရးႏွင့္ ဆက္စပ္၍ တင္ျပေဆြးေႏြးခဲ့ၿပီး တင္ျပခ်က္မ်ားကို ေပါင္းစပ္ညႇိႏႈိင္းေဆြးေႏြးကာ အစည္းအေဝးအၿပီးတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးက စည္ပင္သာယာေရးအဖြဲ႕မွဝန္ထမ္းမ်ားကို ဘုရားဆင္းတုေတာ္မ်ား လက္ေဆာင္ေပးအပ္ ခဲ့သည္။
ပျော်ဘွယ်မြို့ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပက်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးနှင့် စည်ပင်သာယာရေး အဖွဲ့တို့တွေ့ဆုံညှိနှိုင်း
================================
ပျော်ဘွယ် ၊ ဖေဖော်ဝါရီ ၁၀
ပျော်ဘွယ်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့်ပက်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနဆိုင်ရင်ဝန်ထမ်းများတွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို ဖေဖော်ဝါရီလ ၈ရက်နေ့က ပျော်ဘွယ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြို့ပေါ်ရပ်ကွက်များတွင် ရေပေးဝေရေးလုပ်ငန်းများနှင့်ပက်သက်၍ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက လိုအပ်ချက်များကို မေးမြန်းဆောင်ရွက်ခဲ့ပြီး အလှည့်ကျစနစ်ရေပေးဝေမှုကို လက်ရှိရေပေးဝေမှုထက် ပိုမိုအဆင်ပြေစေရန် ညှိနှိုင်းဆွေးနွေးဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးဆောင်ရွက်ခဲ့သည်။
ပျော်ဘွယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ရေပေးဝေရေးနှင့် ဆက်စပ်၍ တင်ပြဆွေးနွေးခဲ့ပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကာ အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများကို ဘုရားဆင်းတုတော်များ လက်ဆောင်ပေးအပ် ခဲ့သည်။




