လူသားနဲ႔တူလြန္းတဲ့ ကမာၻ႔ပထမဆုံး ဇီဝမိတၱဴပြားစက္႐ုပ္ Moya

လူသားနဲ႔တူလြန္းတဲ့ ကမာၻ႔ပထမဆုံး ဇီဝမိတၱဴပြားစက္႐ုပ္ Moya
===================
တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာ DroidUp ကုမၸဏီကေန Moya လို႔ေခၚတဲ့ လူသားပုံစံတူ စက္႐ုပ္သစ္ကို မိတ္ဆက္လိုက္ပါတယ္။ သူက ႐ိုး႐ိုးစက္႐ုပ္မဟုတ္ဘဲ လူေတြနဲ႔ မ်က္လုံးခ်င္းဆုံႏိုင္၊ ၿပဳံးျပႏိုင္ၿပီး သိမ္ေမြ႕တဲ့ မ်က္ႏွာအမူအရာေတြကိုပါ လုပ္ျပႏိုင္တာမို႔ တကယ့္ လူသားတစ္ေယာက္လိုပါပဲ။ ဒါဟာ AI နည္းပညာကို အသုံးျပဳၿပီး လက္ေတြ႕ကမာၻမွာ ျမင္ႏိုင္၊ ေတြးေခၚႏိုင္၊ လႈပ္ရွားႏိုင္တဲ့ ကမာၻ႔ပထမဆုံး ဇီဝမိတၱဴပြား (Biomimetic) စက္႐ုပ္ ျဖစ္ပါတယ္။

Moya ဟာ အရပ္ ၅.၅ ေပ ျမင့္ၿပီး လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ အခ်ိဳးအစားအတိုင္း ဖန္တီးထားပါတယ္။ ပိုၿပီး ထူးျခားတာကေတာ့ သူ႔ရဲ႕ ကိုယ္အပူခ်ိန္ကို ၃၂ ကေန ၃၆ ဒီဂရီ စင္တီဂရိတ္အထိ ထိန္းထားႏိုင္ေအာင္ ဖန္တီးထားတာပါ။ ဒါေၾကာင့္ သူ႔ကို ထိေတြ႕လိုက္ရင္ စက္႐ုပ္တစ္႐ုပ္လို ေအးစက္စက္ မဟုတ္ဘဲ သက္ရွိတစ္ေယာက္လို ေႏြးေထြးမႈကို ခံစားရေစမွာ ျဖစ္ပါတယ္။

DroidUp ကုမၸဏီရဲ႕ အဆိုအရ Moya ဟာ လူေတြရဲ႕ မ်က္ႏွာအမူအရာေတြကို တုပႏိုင္သလို လမ္းေလွ်ာက္ပုံကလည္း လူသားေတြနဲ႔ ၉၂% အထိ တူညီတယ္လို႔ ဆိုပါတယ္။ ဒီလို စြမ္းရည္ေတြေၾကာင့္ က်န္းမာေရး၊ ပညာေရးနဲ႔ စီးပြားေရး လုပ္ငန္းေတြမွာတင္မကဘဲ ေန႔စဥ္ဘဝရဲ႕ အေဖာ္မြန္ေကာင္း တစ္ေယာက္အျဖစ္ပါ အားကိုးရေတာ့မွာပါ။

အရင္က ႐ုပ္ရွင္ေတြထဲမွာပဲ ေတြ႕ရတတ္တဲ့ နည္းပညာျမင့္ စက္႐ုပ္ေတြဟာ အခုဆိုရင္ လက္ေတြ႕ကမာၻထဲကို ေရာက္ရွိလာပါၿပီ။ လူသားေတြနဲ႔ ခြဲမရေအာင္ တူလြန္းတဲ့ Moya ရဲ႕ နည္းပညာတိုးတက္မႈအေပၚ လူေတာ္ေတာ္မ်ားမ်ားက အံ့အားသင့္ၿပီး ခ်ီးက်ဴးေနၾကပါတယ္။

Ref : Technology Innovation


လူသားနဲ့တူလွန်းတဲ့ ကမ္ဘာ့ပထမဆုံး ဇီဝမိတ္တူပွားစက်ရုပ် Moya
===================
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ DroidUp ကုမ္ပဏီကနေ Moya လို့ခေါ်တဲ့ လူသားပုံစံတူ စက်ရုပ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူက ရိုးရိုးစက်ရုပ်မဟုတ်ဘဲ လူတွေနဲ့ မျက်လုံးချင်းဆုံနိုင်၊ ပြုံးပြနိုင်ပြီး သိမ်မွေ့တဲ့ မျက်နှာအမူအရာတွေကိုပါ လုပ်ပြနိုင်တာမို့ တကယ့် လူသားတစ်ယောက်လိုပါပဲ။ ဒါဟာ AI နည်းပညာကို အသုံးပြုပြီး လက်တွေ့ကမ္ဘာမှာ မြင်နိုင်၊ တွေးခေါ်နိုင်၊ လှုပ်ရှားနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ဇီဝမိတ္တူပွား (Biomimetic) စက်ရုပ် ဖြစ်ပါတယ်။

Moya ဟာ အရပ် ၅.၅ ပေ မြင့်ပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားအတိုင်း ဖန်တီးထားပါတယ်။ ပိုပြီး ထူးခြားတာကတော့ သူ့ရဲ့ ကိုယ်အပူချိန်ကို ၃၂ ကနေ ၃၆ ဒီဂရီ စင်တီဂရိတ်အထိ ထိန်းထားနိုင်အောင် ဖန်တီးထားတာပါ။ ဒါကြောင့် သူ့ကို ထိတွေ့လိုက်ရင် စက်ရုပ်တစ်ရုပ်လို အေးစက်စက် မဟုတ်ဘဲ သက်ရှိတစ်ယောက်လို နွေးထွေးမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။

DroidUp ကုမ္ပဏီရဲ့ အဆိုအရ Moya ဟာ လူတွေရဲ့ မျက်နှာအမူအရာတွေကို တုပနိုင်သလို လမ်းလျှောက်ပုံကလည်း လူသားတွေနဲ့ ၉၂% အထိ တူညီတယ်လို့ ဆိုပါတယ်။ ဒီလို စွမ်းရည်တွေကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး လုပ်ငန်းတွေမှာတင်မကဘဲ နေ့စဉ်ဘဝရဲ့ အဖော်မွန်ကောင်း တစ်ယောက်အဖြစ်ပါ အားကိုးရတော့မှာပါ။

အရင်က ရုပ်ရှင်တွေထဲမှာပဲ တွေ့ရတတ်တဲ့ နည်းပညာမြင့် စက်ရုပ်တွေဟာ အခုဆိုရင် လက်တွေ့ကမ္ဘာထဲကို ရောက်ရှိလာပါပြီ။ လူသားတွေနဲ့ ခွဲမရအောင် တူလွန်းတဲ့ Moya ရဲ့ နည်းပညာတိုးတက်မှုအပေါ် လူတော်တော်များများက အံ့အားသင့်ပြီး ချီးကျူးနေကြပါတယ်။

Ref : Technology Innovation