ယူကရိန္းႏိုင္ငံအေပၚ အႀကီးအက်ယ္လက္တုံ႔ျပန္တိုက္ခိုက္ဟု ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္

ယူကရိန္းႏိုင္ငံအေပၚ အႀကီးအက်ယ္လက္တုံ႔ျပန္တိုက္ခိုက္ဟု ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္
==================
ေဖေဖာ္ဝါရီ ၉
႐ုရွားစစ္ဘက္သည္ ယူကရိန္းႏိုင္ငံ၏စြမ္းအင္က႑ႏွင့္စစ္ဘက္ဆိုင္ရာအေျခခံ အေဆာက္အအုံမ်ားကို ပစ္မွတ္ထား၍ အႀကီးစားလက္တုံ႔ျပန္တိုက္ခိုက္မႈတစ္ရပ္ကို ေဖေဖာ္ဝါရီလ ၇ ရက္တြင္ လုပ္ေဆာင္ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။
ထိုတိုက္ခိုက္မႈသည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ယူကရိန္းဘက္မွ ႐ုရွား ပိုင္နက္အတြင္းသို႔ တိုက္ခိုက္ခဲ့မႈမ်ားအေပၚတုံ႔ျပန္ျခင္းျဖစ္သည္ဟု ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန၏ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားသည္။
႐ုရွားတပ္ဖြဲ႕မ်ားသည္ ခ႐ုစ္ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားႏွင့္တာေဝးပစ္လက္နက္မ်ားသုံး၍ ယူကရိန္းႏိုင္ငံတစ္ဝန္းရွိ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးစခန္းမ်ား၊ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားႏွင့္ ဆက္သြယ္ေရးဗဟိုဌာနမ်ားကိုထိမွန္ေအာင္ပစ္ခတ္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ဆက္လက္ေဖာ္ျပထားသည္။
ယင္းသို႔တိုက္ခိုက္ျခင္းျဖင့္ ယူကရိန္း၏ေထာက္ပံ့ပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ားႏွင့္လက္နက္ထုတ္လုပ္မႈ လုပ္ငန္းစဥ္မ်ားကို အရွိန္အဟုန္ျဖင့္ဟန႔္တားႏိုင္သည္ဟု ကာကြယ္ေရးဝန္ႀကီးဌာနကအတည္ျပဳသည္။
ထို တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းၿမိဳ႕ႀကီးအခ်ိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ား ျဖစ္ေပၚသည္။
ထို႔ျပင္ ယခုျပဳလုပ္ေသာ တိုက္ခိုက္မႈသည္ ႐ုရွားတပ္မေတာ္၏နည္းဗ်ဴဟာေျမာက္စီမံခ်က္တစ္ခုျဖစ္ၿပီး နယ္စပ္ေဒသ လုံၿခဳံေရးအတြက္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္ဟု RT သတင္း ဌာနေဖာ္ျပခ်က္အရ သိရသည္။
ယူကရိန်းနိုင်ငံအပေါ် အကြီးအကျယ်လက်တုံ့ပြန်တိုက်ခိုက်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်
==================
ဖေဖော်ဝါရီ ၉
ရုရှားစစ်ဘက်သည် ယူကရိန်းနိုင်ငံ၏စွမ်းအင်ကဏ္ဍနှင့်စစ်ဘက်ဆိုင်ရာအခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား၍ အကြီးစားလက်တုံ့ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ဖေဖော်ဝါရီလ ၇ ရက်တွင် လုပ်ဆောင်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်းဘက်မှ ရုရှား ပိုင်နက်အတွင်းသို့ တိုက်ခိုက်ခဲ့မှုများအပေါ်တုံ့ပြန်ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ရုရှားတပ်ဖွဲ့များသည် ခရုစ်ဒုံးကျည်များ၊ ဒရုန်းများနှင့်တာဝေးပစ်လက်နက်များသုံး၍ ယူကရိန်းနိုင်ငံတစ်ဝန်းရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစခန်းများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဆက်သွယ်ရေးဗဟိုဌာနများကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။
ယင်းသို့တိုက်ခိုက်ခြင်းဖြင့် ယူကရိန်း၏ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများနှင့်လက်နက်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်ဟန့်တားနိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုသည်။
ထို တိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့ကြီးအချို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်သည်။
ထို့ပြင် ယခုပြုလုပ်သော တိုက်ခိုက်မှုသည် ရုရှားတပ်မတော်၏နည်းဗျူဟာမြောက်စီမံချက်တစ်ခုဖြစ်ပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်ဟု RT သတင်း ဌာနဖော်ပြချက်အရ သိရသည်။



