MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္ AI နည္းပညာမ်ားကို အေျချပဳၿပီး ျပခန္းျပကြက္မ်ား ျပသမည္

MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္ AI နည္းပညာမ်ားကို အေျချပဳၿပီး ျပခန္းျပကြက္မ်ား ျပသမည္
======================
ေဖေဖာ္ဝါရီ ၆

ျပည္ေထာင္စုေန႔အထိမ္းမွတ္ MSME ထုတ္ကုန္ျပပြဲႏွင့္ေဈးေရာင္းပြဲေတာ္ကို ေနျပည္ေတာ္ျပည္သူ႔ရင္ျပင္မွာ ေဖေဖာ္ဝါရီလ ၈ ရက္ကေန ၁၃ ရက္ထိက်င္းပမည္ျဖစ္ေၾကာင္း သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနမွ သိရပါတယ္။

အဆိုပါျပပြဲမွာ သိပြံႏွင့္နည္းပညာဝန္ႀကီးဌာနမွ ဝင္ေရာက္ျပသမည္ျဖစ္ၿပီး စိုက္ပ်ိဳးေမြးျမဴေရး ထြက္ကုန္ အေျချပဳတဲ့ စက္မႈကုန္ၾကမ္းလုပ္ငန္းမ်ား၊ MSME လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ AI နည္းပညာကို အေျချပဳၿပီးဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္မွာ ျပကြက္မ်ားပါဝင္မည္ျဖစ္ေၾကာင္း သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာ‌ ေအာင္ေဇယ် က ေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးဌာနအေနနဲ႔ Digital Corner ျပခန္းကို ထည့္သြင္းျပမည္ျဖစ္ၿပီး AI နည္းပညာကို အသုံးျပဳတဲ့ ျပကြက္မ်ားပါဝင္မည္ျဖစ္သကဲ့သို႔ ျပကြက္ ၁၀ ခု ထားရွိမည္ျဖစ္ေၾကာင္းလည္း သိရပါတယ္။

AI နည္းပညာ အသုံးျပဳၿပီး MSME ထုတ္ကုန္မ်ားကို ႏိုင္ငံတကာေဈးကြက္ထိေရာက္ရွိႏိုင္ေအာင္ ေဆာင္႐ြက္ႏိုင္တဲ့နည္းလမ္းမ်ားႏွင့္ ပတ္သက္တဲ့ ျပခန္းျပကြက္မ်ားကိုလည္း ထည့္သြင္းထားမည္ျဖစ္ေၾကာင္း သိရပါတယ္။


MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် AI နည်းပညာများကို အခြေပြုပြီး ပြခန်းပြကွက်များ ပြသမည်
======================
ဖေဖော်ဝါရီ ၆

ပြည်ထောင်စုနေ့အထိမ်းမှတ် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို နေပြည်တော်ပြည်သူ့ရင်ပြင်မှာ ဖေဖော်ဝါရီလ ၈ ရက်ကနေ ၁၃ ရက်ထိကျင်းပမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါပြပွဲမှာ သိပွံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝင်ရောက်ပြသမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန် အခြေပြုတဲ့ စက်မှုကုန်ကြမ်းလုပ်ငန်းများ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် AI နည်းပညာကို အခြေပြုပြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှာ ပြကွက်များပါဝင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ အောင်ဇေယျ က ပြောကြားခဲ့ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ Digital Corner ပြခန်းကို ထည့်သွင်းပြမည်ဖြစ်ပြီး AI နည်းပညာကို အသုံးပြုတဲ့ ပြကွက်များပါဝင်မည်ဖြစ်သကဲ့သို့ ပြကွက် ၁၀ ခု ထားရှိမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

AI နည်းပညာ အသုံးပြုပြီး MSME ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်ထိရောက်ရှိနိုင်အောင် ဆောင်ရွက်နိုင်တဲ့နည်းလမ်းများနှင့် ပတ်သက်တဲ့ ပြခန်းပြကွက်များကိုလည်း ထည့်သွင်းထားမည်ဖြစ်ကြောင်း သိရပါတယ်။