အေမရိကန္က ကုန္က်စရိတ္သက္သာၿပီး အေျမာက္အျမားထုတ္လုပ္ႏိုင္တဲ့ ဒုံးက်ည္ကို ေအာင္ျမင္စြာစမ္းသပ္

အေမရိကန္က ကုန္က်စရိတ္သက္သာၿပီး အေျမာက္အျမားထုတ္လုပ္ႏိုင္တဲ့ ဒုံးက်ည္ကို ေအာင္ျမင္စြာစမ္းသပ္
========================
ေဖေဖာ္ဝါရီ ၆
အေမရိကန္ေလတပ္က ၿပီးခဲ့တဲ့လမွာ Extended Range Attack Munition (ERAM) လို႔ေခၚတဲ့ အေဝးပစ္ တိုက္ခိုက္ေရးလက္နက္ကို ထိပ္ဖူးတပ္ဆင္ၿပီး ပထမဆုံးလက္ေတြ႕ပစ္ခတ္စမ္းသပ္မႈ ေအာင္ျမင္ခဲ့ပါသည္။
ERAM ၏ ထူးျခားခ်က္သည္ “Affordable mass” လို႔ေခၚသည့္ကုန္က်စရိတ္သက္သာၿပီး အေျမာက္အျမားထုတ္လုပ္ႏိုင္ျခင္းဟု ေခၚသည္။
အေမရိကန္သည္ ယခင္က ေဒၚလာသန္းခ်ီတန္သည့္ အလြန္ေဈးႀကီးေသာ ဒုံးက်ည္မ်ားကိုသာ အားကိုးခဲ့ရေပမယ့္ ယခုစမ္းသပ္သည့္ ERAM သည္ စစ္ပြဲအတြင္းပ်က္စီးဆုံးရႈံးခဲ့ရင္ေတာင္ ႏွေျမာမရွိေလာက္ေအာင္ ေဈးႏႈန္းသက္သာသည့္ အမ်ိဳးအစားျဖစ္သည္။
ထို႔ျပင္ ရန္သူ႔ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို အေရအတြက္အသားစီးျဖင့္ တိုက္ခိုက္ႏိုင္ရန္ ရည္႐ြယ္ျခင္း ျဖစ္သည္။
အဆိုပါဒုံးက်ည္ကို အေဝးမွတိက်စြာ ပစ္ခတ္ႏိုင္သည့္ ေရွ႕ေျပးပုံစံအျဖစ္ ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ျခင္းျဖစ္ၿပီး အခ်က္အလက္အပိုင္းတြင္လည္း ေက်နပ္စရာေကာင္းေၾကာင္း တာဝန္ရွိသူမ်ားက ဆိုသည္။
ယခုစမ္းသပ္မႈမွတစ္ဆင့္ ေနာင္တစ္ခ်ိန္တြင္ ေဈးႏႈန္းသက္သာၿပီး အေရအတြက္ေထာင္ခ်ီသည့္ ဒုံးက်ည္မ်ားကို အေျမာက္အျမားထုတ္လုပ္သြားႏိုင္ေတာ့မည္ျဖစ္ေၾကာင္း IE သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရသည္။
အမေရိကန်က ကုန်ကျစရိတ်သက်သာပြီး အမြောက်အမြားထုတ်လုပ်နိုင်တဲ့ ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်
========================
ဖေဖော်ဝါရီ ၆
အမေရိကန်လေတပ်က ပြီးခဲ့တဲ့လမှာ Extended Range Attack Munition (ERAM) လို့ခေါ်တဲ့ အဝေးပစ် တိုက်ခိုက်ရေးလက်နက်ကို ထိပ်ဖူးတပ်ဆင်ပြီး ပထမဆုံးလက်တွေ့ပစ်ခတ်စမ်းသပ်မှု အောင်မြင်ခဲ့ပါသည်။
ERAM ၏ ထူးခြားချက်သည် “Affordable mass” လို့ခေါ်သည့်ကုန်ကျစရိတ်သက်သာပြီး အမြောက်အမြားထုတ်လုပ်နိုင်ခြင်းဟု ခေါ်သည်။
အမေရိကန်သည် ယခင်က ဒေါ်လာသန်းချီတန်သည့် အလွန်ဈေးကြီးသော ဒုံးကျည်များကိုသာ အားကိုးခဲ့ရပေမယ့် ယခုစမ်းသပ်သည့် ERAM သည် စစ်ပွဲအတွင်းပျက်စီးဆုံးရှုံးခဲ့ရင်တောင် နှမြောမရှိလောက်အောင် ဈေးနှုန်းသက်သာသည့် အမျိုးအစားဖြစ်သည်။
ထို့ပြင် ရန်သူ့လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အရေအတွက်အသားစီးဖြင့် တိုက်ခိုက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အဆိုပါဒုံးကျည်ကို အဝေးမှတိကျစွာ ပစ်ခတ်နိုင်သည့် ရှေ့ပြေးပုံစံအဖြစ် အောင်မြင်စွာ စမ်းသပ်နိုင်ခြင်းဖြစ်ပြီး အချက်အလက်အပိုင်းတွင်လည်း ကျေနပ်စရာကောင်းကြောင်း တာဝန်ရှိသူများက ဆိုသည်။
ယခုစမ်းသပ်မှုမှတစ်ဆင့် နောင်တစ်ချိန်တွင် ဈေးနှုန်းသက်သာပြီး အရေအတွက်ထောင်ချီသည့် ဒုံးကျည်များကို အမြောက်အမြားထုတ်လုပ်သွားနိုင်တော့မည်ဖြစ်ကြောင်း IE သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရသည်။



