ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းမွ ထြက္ခြါရန္ စီေရာ္နယ္ဒို စဥ္းစား

ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းမွ ထြက္ခြါရန္ စီေရာ္နယ္ဒို စဥ္းစား
======================
စီေရာ္နယ္ဒို ဟာ လာမယ့္ေႏြရာသီမွာ ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းကေန ထြက္ခြာဖို႔ စဥ္းစားေနၿပီး ဥေရာပ သို႔မဟုတ္ အေမရိကန္ ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ တစ္ရက္ လုပ္ခလစာ ေပါင္ ၄၈၈,၀၀၀ ရရွိေနၿပီး ေဘာလုံးသမိုင္းမွာ လုပ္ခအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတဲ့ အသက္ ၄၀ အ႐ြယ္ ေရာ္နယ္ဒို ဟာ အခုသီတင္းပတ္အေစာပိုင္းမွာပဲ သပိတ္ေမွာက္မႈ စတင္ခဲ့ပါတယ္။ သူဟာ ေဆာ္ဒီအစိုးရရဲ႕ ျပည္သူ႔ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ (PIF) က အယ္လ္နာဆာအသင္းရဲ႕ ဘ႑ာေရးကို ကိုင္တြယ္ပုံနဲ႔ ပတ္သက္ၿပီး မေက်မနပ္ ျဖစ္ေနတာပါ။ အထူးသျဖင့္ ၿပိဳင္ဘက္ကလပ္ေတြအေပၚ ဆက္ဆံပုံနဲ႔ ႏႈိင္းယွဥ္ရင္ မမွ်တဘူးလို႔ သူက ယူဆေနပါတယ္။
ေဆာ္ဒီပ႐ိုလိဂ္ရဲ႕ ထိပ္သီးကလပ္ ၄ သင္းျဖစ္တဲ့ အယ္လ္အာလီ၊ အယ္လ္အစ္တီဟတ္၊ အယ္လ္ဟီလယ္နဲ႔ အယ္လ္နာဆာတို႔ကို PIF က ၇၅ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္ထားၿပီး ကမာၻ႔ၾကယ္ပြင့္ေတြကို ေခၚယူဖို႔ ေငြေၾကးေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔မွာေတာ့ ၿပိဳင္ဘက္ အယ္လ္ဟီလယ္အသင္းက ေရာ္နယ္ဒို ရဲ႕ အသင္းေဖာ္ေဟာင္း ဘန္ဇီးမား ကို အယ္လ္အစ္တီဟတ္ကေန ေခၚယူႏိုင္ခဲ့ပါတယ္။ လက္ရွိမွာ အယ္လ္ဟီလယ္ဟာ အယ္လ္နာဆာထက္ ၁ မွတ္အသာနဲ႔ ဇယားထိပ္မွာ ဦးေဆာင္ေနၿပီး ေရာ္နယ္ဒို ကေတာ့ အေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္းမွာ သူ႔ရဲ႕အသင္းဟာ တျခားအသင္းေတြလို မွ်မွ်တတ ဆက္ဆံျခင္း မခံရဘူးလို႔ ယုံၾကည္ေနပါတယ္။ ေပၚတူဂီသတင္းစာ Record ရဲ႕ ေဖာ္ျပခ်က္အရ ဒီစိတ္ပ်က္မႈေတြေၾကာင့္ပဲ သူဟာ အယ္လ္နာဆာကေန ထြက္ခြာဖို႔ စဥ္းစားလာတာ ျဖစ္ပါတယ္။
ေရာ္နယ္ဒို ရဲ႕ စာခ်ဳပ္မွာ ေပါင္ ၄၃ သန္းတန္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ပါဝင္ေနပါတယ္။ သူဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားတာျဖစ္လို႔ စာခ်ဳပ္သက္တမ္း ၁၈ လ က်န္ရွိေနပါေသးတယ္။ ဒါေပမဲ့ လာမယ့္ ရက္ပိုင္းမွာ အသက္ ၄၁ ႏွစ္ ျပည့္ေတာ့မယ့္ သူ႔အတြက္ အဆိုပါ ဖ်က္သိမ္းေၾကးကို ေပးၿပီး ေခၚယူမယ့္ကလပ္ ရွိ၊ မရွိကေတာ့ ေစာင့္ၾကည့္ရဦးမွာလည္းျဖစ္ပါတယ္။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ ထွက်ခွါရန် စီရော်နယ်ဒို စဉ်းစား
======================
စီရော်နယ်ဒို ဟာ လာမယ့်နွေရာသီမှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး ဥရောပ သို့မဟုတ် အမေရိကန် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ တစ်ရက် လုပ်ခလစာ ပေါင် ၄၈၈,၀၀၀ ရရှိနေပြီး ဘောလုံးသမိုင်းမှာ လုပ်ခအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ အသက် ၄၀ အရွယ် ရော်နယ်ဒို ဟာ အခုသီတင်းပတ်အစောပိုင်းမှာပဲ သပိတ်မှောက်မှု စတင်ခဲ့ပါတယ်။ သူဟာ ဆော်ဒီအစိုးရရဲ့ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) က အယ်လ်နာဆာအသင်းရဲ့ ဘဏ္ဍာရေးကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေတာပါ။ အထူးသဖြင့် ပြိုင်ဘက်ကလပ်တွေအပေါ် ဆက်ဆံပုံနဲ့ နှိုင်းယှဉ်ရင် မမျှတဘူးလို့ သူက ယူဆနေပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်သီးကလပ် ၄ သင်းဖြစ်တဲ့ အယ်လ်အာလီ၊ အယ်လ်အစ်တီဟတ်၊ အယ်လ်ဟီလယ်နဲ့ အယ်လ်နာဆာတို့ကို PIF က ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ကြယ်ပွင့်တွေကို ခေါ်ယူဖို့ ငွေကြေးထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းက ရော်နယ်ဒို ရဲ့ အသင်းဖော်ဟောင်း ဘန်ဇီးမား ကို အယ်လ်အစ်တီဟတ်ကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အယ်လ်ဟီလယ်ဟာ အယ်လ်နာဆာထက် ၁ မှတ်အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပြီး ရော်နယ်ဒို ကတော့ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူ့ရဲ့အသင်းဟာ တခြားအသင်းတွေလို မျှမျှတတ ဆက်ဆံခြင်း မခံရဘူးလို့ ယုံကြည်နေပါတယ်။ ပေါ်တူဂီသတင်းစာ Record ရဲ့ ဖော်ပြချက်အရ ဒီစိတ်ပျက်မှုတွေကြောင့်ပဲ သူဟာ အယ်လ်နာဆာကနေ ထွက်ခွာဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
ရော်နယ်ဒို ရဲ့ စာချုပ်မှာ ပေါင် ၄၃ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေရာသီကမှ ၂ နှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်လို့ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ လာမယ့် ရက်ပိုင်းမှာ အသက် ၄၁ နှစ် ပြည့်တော့မယ့် သူ့အတွက် အဆိုပါ ဖျက်သိမ်းကြေးကို ပေးပြီး ခေါ်ယူမယ့်ကလပ် ရှိ၊ မရှိကတော့ စောင့်ကြည့်ရဦးမှာလည်းဖြစ်ပါတယ်။




