
============================
ဧရာဝတီ ဇန် ၁၃/၂၆

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟသ်ာတ ခရိုင်၊ ဇလွန် မြို့နယ် ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဇလွန် မြို့နယ် ရုံးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းပါတီကော်မတီ ဥက္ကဌ ဦးသိန်းထွန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ဇလွန်မြို့နယ် ပါတီဥက္ကဌ ဦးချိုမြင့်ခိုင်၊ ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ နှင့် တာဝန်ရှိသူများ၊ ဇလွန်မြို့နယ် အတွင်းရှိ ရပ်ကျေးပါတီဥက္ကဌများနှင့် စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၁၅၀ ဦးခန့်တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအားပေးဆွေးနွေးခဲ့ကြပါသည်။




ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဇလွန်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ညောင်တုန်းမြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ နှင့် တွေ့ဆုံ
============================
ဧရာဝတီ ဇန် ၁၃/၂၆

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟသ်ာတ ခရိုင်၊ ဇလွန် မြို့နယ် ၊ ပြည်ထောင်စုကြံ့ခိိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဇလွန် မြို့နယ် ရုံးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းပါတီကော်မတီ ဥက္ကဌ ဦးသိန်းထွန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ဇလွန်မြို့နယ် ပါတီဥက္ကဌ ဦးချိုမြင့်ခိုင်၊ ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ နှင့် တာဝန်ရှိသူများ၊ ဇလွန်မြို့နယ် အတွင်းရှိ ရပ်ကျေးပါတီဥက္ကဌများနှင့် စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၁၅၀ ဦးခန့်တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအားပေးဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပြည်ခိုင်ဖြိုး တိုင်းကော်မတီအဖွဲ့ သည် ဓနုဖြူမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး နေ့လည် ၁ နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ဓနုဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဓနုဖြူမြို့နယ်အတွင်းရှိ ပြာ်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဌများ၊ စည်းရုံးရေးမှူးများ၊ မဲရုံကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအားပေးဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပြည်ခိုင်ဖြိုး တိုင်းကော်မတီအဖွဲ့ သည် ညောင်တုန်းမြို့ သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ညနေ ၀၃း၃၀ နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဌများ၊ စည်းရုံးရေးမှူးများ၊ မဲရုံကိုယ်စားလှယ်များ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအားပေးဆွေးနွေးခဲ့ကြပါသည်။