ဂ်ပန္ေ႐ြးေကာက္ပြဲကို ေစာ၍ က်င္းပဖြယ္ရွိ

ဂ်ပန္ေ႐ြးေကာက္ပြဲကို ေစာ၍ က်င္းပဖြယ္ရွိ
================
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာနအဲ တာကာအိခ်ီသည္ ေ႐ြးေကာက္ပြဲကို ေစာ၍ က်င္းပဖြယ္ရွိေၾကာင္း သူ႔ပါတီ၏ ၫြန႔္ေပါင္းမိတ္ဖက္ပါတီ ေခါင္းေဆာင္က တနဂၤေႏြေန႔တြင္ ေျပာၾကားခဲ့သည္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း မာဂရက္သက္ခ်ာ၏ ပရိသတ္တစ္ဦးျဖစ္ကာ ဂ်ပန္ႏိုင္ငံ၏ ပထမဆုံးအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ျဖစ္ေသာ ကြန္ဆာေဗးတစ္ တာကာအိခ်ီအတြက္ မဲဆႏၵရွင္မ်ားႏွင့္ ပထမဆုံးအႀကိမ္ ရင္ဆိုင္ရမည့္ေ႐ြးေကာက္ပြဲျဖစ္သကဲ့သို႔ ေအာက္တိုဘာလတြင္ ရာထူးတာဝန္စတင္ထမ္းေဆာင္ၿပီးေနာက္ပိုင္း ရရွိထားေသာ ခိုင္မာေသာလူထုေထာက္ခံမႈကို အသုံးခ်ႏိုင္မည့္ အခြင့္အေရးျဖစ္သည္။
တ႐ုတ္ႏိုင္ငံႏွင့္ ပတ္သက္၍ သူ၏ ျပင္းထန္ေသာ ရပ္တည္ခ်က္သည္ လက္ယာယိမ္း မဲဆႏၵရွင္မ်ားကို ဆြဲေဆာင္ႏိုင္ခဲ့ေသာ္ျငားလည္း ဂ်ပန္၏ အင္အားႀကီး အာရွအိမ္နီးခ်င္းႏွင့္ ႀကီးမားေသာ သံတမန္ေရးအျငင္းပြားမႈကို ျဖစ္ေပၚေစခဲ့သည္။
အီရွင္ဟု သိၾကသည့္ ဂ်ပန္ အင္ႏိုေဗးရွင္းပါတီ ေခါင္းေဆာင္ ဟီ႐ိုဖူမီ ယိုရွီမူရာက ေသာၾကာေန႔တြင္ သူသည္ တာကာအိခ်ီႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္းႏွင့္ သူ၏ ေ႐ြးေကာက္ပြဲအခ်ိန္ကာလဆိုင္ရာ အျမင္သေဘာထားသည္ အဆင့္သစ္တစ္ခုသို႔ ေ႐ြ႕သြားသည္ဟု ယူဆေၾကာင္း အင္န္အိပ္ခ်္ေကကို ေျပာၾကားခဲ့သည္။
“မီဒီယာေတြက ေဖာ္ျပေနတဲ့အတိုင္း သူ ဆုံးျဖတ္ခ်က္ခ်ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ အံ့ၾသမိမွာ မဟုတ္ပါဘူး” ဟု ယိုရွီမူရာက ေျပာၾကားခဲ့သည္။ တာကာအိခ်ီသည္ ေဖေဖာ္ဝါရီ ၈ ရက္ သို႔မဟုတ္ ၁၅ ရက္တြင္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ က်င္းပရန္ တာကာအိခ်ီ စဥ္စားေနေၾကာင္း ယိုမီယူရီသတင္းစာက အစိုးရသတင္းရင္းျမစ္မ်ားကို ကိုးကား၍ ေသာၾကာေန႔တြင္ သတင္းေဖာ္ျပခဲ့သည္။
ယိုရွီမူရာကမူ သူႏွင့္ တာကာအိခ်ီတို႔သည္ ေ႐ြးေကာက္ပြဲမ်ား က်င္းပမည့္အခ်ိန္ႏွင့္ပတ္သက္၍မူ ေဆြးေႏြးခဲ့ျခင္းမရွိေၾကာင္း ေျပာသည္။
ၾကာသပေတးေန႔တြင္ အင္န္အိပ္ခ်္ေကႏွင့္ အင္တာဗ်ဴးတြင္ ေ႐ြးေကာက္ပြဲက်င္းပမည့္ အခ်ိန္ကာလႏွင့္ ပတ္သက္၍ ေမးျမန္းခဲ့ရာတြင္မူ တာကာအိခ်ီကာ ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ေၾကာင္း သိရသည္။
Ref:CNA
ဂျပန်ရွေးကောက်ပွဲကို စော၍ ကျင်းပဖွယ်ရှိ
================
ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကာအိချီသည် ရွေးကောက်ပွဲကို စော၍ ကျင်းပဖွယ်ရှိကြောင်း သူ့ပါတီ၏ ညွန့်ပေါင်းမိတ်ဖက်ပါတီ ခေါင်းဆောင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၏ ပရိသတ်တစ်ဦးဖြစ်ကာ ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်သော ကွန်ဆာဗေးတစ် တာကာအိချီအတွက် မဲဆန္ဒရှင်များနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရမည့်ရွေးကောက်ပွဲဖြစ်သကဲ့သို့ အောက်တိုဘာလတွင် ရာထူးတာဝန်စတင်ထမ်းဆောင်ပြီးနောက်ပိုင်း ရရှိထားသော ခိုင်မာသောလူထုထောက်ခံမှုကို အသုံးချနိုင်မည့် အခွင့်အရေးဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပတ်သက်၍ သူ၏ ပြင်းထန်သော ရပ်တည်ချက်သည် လက်ယာယိမ်း မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ခဲ့သော်ငြားလည်း ဂျပန်၏ အင်အားကြီး အာရှအိမ်နီးချင်းနှင့် ကြီးမားသော သံတမန်ရေးအငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့သည်။
အီရှင်ဟု သိကြသည့် ဂျပန် အင်နိုဗေးရှင်းပါတီ ခေါင်းဆောင် ဟီရိုဖူမီ ယိုရှီမူရာက သောကြာနေ့တွင် သူသည် တာကာအိချီနှင့် တွေ့ဆုံခဲ့ကြောင်းနှင့် သူ၏ ရွေးကောက်ပွဲအချိန်ကာလဆိုင်ရာ အမြင်သဘောထားသည် အဆင့်သစ်တစ်ခုသို့ ရွေ့သွားသည်ဟု ယူဆကြောင်း အင်န်အိပ်ချ်ကေကို ပြောကြားခဲ့သည်။
“မီဒီယာတွေက ဖော်ပြနေတဲ့အတိုင်း သူ ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး” ဟု ယိုရှီမူရာက ပြောကြားခဲ့သည်။ တာကာအိချီသည် ဖေဖော်ဝါရီ ၈ ရက် သို့မဟုတ် ၁၅ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် တာကာအိချီ စဉ်စားနေကြောင်း ယိုမီယူရီသတင်းစာက အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ သောကြာနေ့တွင် သတင်းဖော်ပြခဲ့သည်။
ယိုရှီမူရာကမူ သူနှင့် တာကာအိချီတို့သည် ရွေးကောက်ပွဲများ ကျင်းပမည့်အချိန်နှင့်ပတ်သက်၍မူ ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ပြောသည်။
ကြာသပတေးနေ့တွင် အင်န်အိပ်ချ်ကေနှင့် အင်တာဗျူးတွင် ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်မူ တာကာအိချီကာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။
Ref:CNA



