
=================
ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ယူပြီး စပိန်စူပါဖလားရရှိသွားတဲ့ ဘာစီလိုနာအသင်း
=================
ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုရရှိသွားပါတယ်။
ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားကို ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် (၂)နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။
စပိန်စူပါဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ၁၉၉၁ နဲ့ ၁၉၉၂၊ ၂၀၀၅ နဲ့ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ စပိန်စူပါဖလားကို ဆက်တိုက်ရယူနိုင်ခဲ့ပြီးတဲ့နောက် အခုတစ်ကြိမ်မှာလည်း ၂၀၂၅ နဲ့ ၂၀၂၆ ဆက်တိုက်ရယူနိုင်ခဲ့တာပါ။
ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တိုဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ (၄)နှစ်ဆက်တိုက် ဆုံတွေ့ကြတာဖြစ်ပြီး ဘာစီလိုနာအသင်းက (၃)ကြိမ်အနိုင်ယူကာ မဟာပြိုင်ဘက်အသင်းကို အလဲထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၂၅ နိုဝင်ဘာလက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးကို ရှုးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။




