ထိုင္းႏွင့္ကေမာၻဒီးယား နယ္စပ္အပစ္အခတ္ရပ္စဲေရး ပိုမိုခိုင္မာေစေရးလုပ္ေဆာင္ရန္ တ႐ုတ္ႏိုင္ငံ၌ ညႇိႏႈိင္းသေဘာတူ

ထိုင္းႏွင့္ကေမာၻဒီးယား နယ္စပ္အပစ္အခတ္ရပ္စဲေရး ပိုမိုခိုင္မာေစေရးလုပ္ေဆာင္ရန္ တ႐ုတ္ႏိုင္ငံ၌ ညႇိႏႈိင္းသေဘာတူ
================================
တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္၌ ဒီဇင္ဘာလ ၂၈ ရက္ႏွင့္ ၂၉ ရက္တို႔တြင္ ျပဳလုပ္ေသာတ႐ုတ္၊ ထိုင္း၊ ကေမာၻဒီးယားသုံးႏိုင္ငံ ေဆြးေႏြးပြဲ၌ ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔က နယ္စပ္ေဒသအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ပိုမိုခိုင္မာေစေရး လုပ္ေဆာင္သြားရန္ သေဘာတူေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ကေမာၻဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္တို႔ႏွင့္ေတြ႕ဆုံ၍ နယ္စပ္တိုက္ပြဲမ်ား ထပ္မံမျဖစ္ပြားေစေရး အေလးထား ေဆြးေႏြးခဲ့ျခင္း ျဖစ္သည္။
အဆိုပါ ေဆြးေႏြးပြဲသည္ ဒီဇင္ဘာလ ၂၇ ရက္တြင္ နယ္စပ္၌ ႏွစ္ႏိုင္ငံတာဝန္ရွိသူမ်ား လက္မွတ္ေရးထိုးခဲ့သည့္ အပစ္အခတ္ရပ္စဲေရးကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ရန္ ရည္႐ြယ္ျခင္း ျဖစ္သည္။ ထို႔ေနာက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ယခုရရွိထားေသာ အပစ္အခတ္ရပ္စဲေရးသည္ ရခဲလွေသာ အခြင့္အေရးျဖစ္သျဖင့္ ၎ကိုအဆုံးထိ ဆုပ္ကိုင္ထားရန္ တိုက္တြန္းထားသည္။
ျပင္းထန္ေသာ ႏွစ္ႏိုင္ငံနယ္စပ္တိုက္ပြဲမ်ားေၾကာင့္ လူေပါင္း ၁၀၀ ေက်ာ္ေသဆုံးၿပီး ေဒသခံျပည္သူ ငါးသိန္းေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးရသည့္အတြက္ ေဒသတြင္းတည္ၿငိမ္ေရးက အလြန္အေရးႀကီးေသာ အခ်က္ပင္ျဖစ္သည္။ ရရွိထားေသာ သေဘာတူညီခ်က္အရ ႏွစ္ႏိုင္ငံစလုံးသည္ တပ္ဖြဲ႕ဝင္မ်ားကို လက္ရွိေနရာမ်ား၌ပင္ ဆက္လက္ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။
Ref: Xinhua
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေရေးလုပ်ဆောင်ရန် တရုတ်နိုင်ငံ၌ ညှိနှိုင်းသဘောတူ
================================
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြုလုပ်သောတရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားသုံးနိုင်ငံ ဆွေးနွေးပွဲ၌ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က နယ်စပ်ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပိုမိုခိုင်မာစေရေး လုပ်ဆောင်သွားရန် သဘောတူကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံ၍ နယ်စပ်တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေး အလေးထား ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသည် ဒီဇင်ဘာလ ၂၇ ရက်တွင် နယ်စပ်၌ နှစ်နိုင်ငံတာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုရရှိထားသော အပစ်အခတ်ရပ်စဲရေးသည် ရခဲလှသော အခွင့်အရေးဖြစ်သဖြင့် ၎င်းကိုအဆုံးထိ ဆုပ်ကိုင်ထားရန် တိုက်တွန်းထားသည်။
ပြင်းထန်သော နှစ်နိုင်ငံနယ်စပ်တိုက်ပွဲများကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ဒေသခံပြည်သူ ငါးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရသည့်အတွက် ဒေသတွင်းတည်ငြိမ်ရေးက အလွန်အရေးကြီးသော အချက်ပင်ဖြစ်သည်။ ရရှိထားသော သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးသည် တပ်ဖွဲ့ဝင်များကို လက်ရှိနေရာများ၌ပင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
Ref: Xinhua




