ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်း ဒဂုံတောင်မြို့နယ်ပါတီကိုယ်စားလှယ်လောင်းများကို ရပ်မိရပ်ဖများထံအပ်နှံခြင်းအခမ်းအနား သို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်း ဒဂုံတောင်မြို့နယ်ပါတီကိုယ်စားလှယ်လောင်းများကို ရပ်မိရပ်ဖများထံအပ်နှံခြင်းအခမ်းအနား သို့တက်ရောက်

=====================

၂၄ ဒီဇင်ဘာ ၂၀၂၅ (ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများကို ရပ်မိရပ်ဖများထံ အပ်နှံခြင်းအခမ်းအနားသို့ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းတက်ရောက်ခဲ့ပါသည်။

 

အခမ်းအနားကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ လှော်ကားလမ်းမပေါ်ရှိ ရွှေတိုက်ခန်းမတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အလံအားအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် စတင်ခဲ့သည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌမှ “ပါတီမှရွေးချယ်လိုက်သော ကိုယ်စားလှယ်လောင်းများမှာ စစ်မှန်၍အရည်အချင်းပြည့်ဝသော၊ ရပ်ရွာအကျိုးကိုအကောင်းမွန်ဆုံးသယ်ပိုးနိုင်သောသူများဖြစ်၍ နှလုံးသားဖြင့်ခံစား၍ ဦးနှောက်ဖြင့်ရွေးချယ်ကြရန် နှင့် အသင်းဘဝမှစတင်၍ ပရဟိတကိုအခြေတည်၍ ဖွဲ့စည်းတည်ဆောက်ထားသော ပြည်ခိုင်ဖြိုးပါတီမှတပါးအခြားမရှိကြောင်း တို့ကိုပြောကြား၍ ကိုယ်စားလှယ်လောင်းများကို စိတ်ချယုံကြည်စွာရွေးချယ်ပေးရန်နှင့် ကိုယ်စားလှယ်လောင်းများအား မိဘပြည်သူများထံအပ်နှံပါကြောင်း” နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသော ရပ်မိ၊ရပ်ဖများမှ ပြည်ခိုင်ဖြိုးပါတီ နှင့် ကိုယ်စားလှယ်လောင်းများထံမှ ကတိကဝတ်ပြုချက် နှင့် ပြည်သူ့အကျိုး၊ ဒေသဖွံ့ဖြိုး လုံခြုံတိုးတက်ရေးတို့အတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းရပ်များ နှင့်စပ်လျဥ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဒုတိယဥက္ကဋ္ဌမှ ရပ်မိရပ်ဖများ၏ ဆွေးနွေးမှုများကို ပြန်လည်ဖြေဆို၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လည် (၁၂:၀၀)အချိန်ခန့်တွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်။

 

အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း နှင့်အတူ တိုင်းဒေသကြီးကော်မတီဝင်များဖြစ်ကြသော ဒေါ်စန်းစန်းဝင်း၊ ဒေါ်အေးအေးမြင့်၊ ဒေါ်ဇာခြည်လင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စမ်းစမ်းဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးအေးပိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးရန်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးစိုးယု၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(PR) ဦးအောင်ဇော်ဦး တို့နှင့် ရပ်မိရပ်ဖများ၊ ပါတီဝန်းရံအားပေးသူများ၊ ပါတီဝင်များတက်ရောက်ခဲ့ပါသည်။