ထရံကာအုပ်စုအတွင်းရှိ သာစည်၊ရွာသစ်နှင့်နန်ချွန်ကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး သွားရောက်တွေ့ဆုံ

ထရံကာအုပ်စုအတွင်းရှိ သာစည်၊ရွာသစ်နှင့်နန်ချွန်ကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး သွားရောက်တွေ့ဆုံ

===================

ပျော်ဘွယ် ၊ ဒီဇင်ဘာ ၂၂

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ် ထရံကာကျေးရွာအုပ်စုအတွင်းရှိ သာစည်၊ရွာသစ်နှင့်နန်ချွန်ကျေးရွာများမှ မိဘပြည်သူများနှင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ပျော်ဘွယ်မြို့နယ် ထရံကာကျေးရွာအုပ်စု သာစည်၊ရွာသစ်နှင့်နန်ချွန်ကျေးရွာများရှိ မိဘပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်နိုင်ညွှန့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်သန်းသန်းအေးတို့က ပြည်သူများနှင့်သွားရောက်တွေ့ဆုံခဲ့သည်။

ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်၍ ပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေမိဘပြည်သူများက ရွေးကောက်ပွဲနှင့်ပက်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

ပျော်ဘွယ်မြို့နယ်သည် လာမည့်ဒီဇင်ဘာလ ၂၈ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲပထမအကြိမ်တွင်ပါဝင်လျက်ရှိသည်။