ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသိမ်း ပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့်ပါတီဝင်များတွေဆုံမိတ်ဆက်ပွဲသို့တက်ရောက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသိမ်း ပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့်ပါတီဝင်များတွေဆုံမိတ်ဆက်ပွဲသို့တက်ရောက်
==============================
ပုသိမ် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည်ဒီဇင်ဘာ(၂၁)နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ကိုးသိန်းအားကစားခန်းမ၌ကျင်းပပြုလုပ်သည့်ပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ပါတီဝင်များတွေ့ဆုံမိတ်ဆက်ပွဲ သို့တက်ရောက်ခဲ့ပါသည်။.
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီးပုသိမ်မြို့နယ်မှပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား တစ်ဦးချင်းမိတ်ဆက်ပါသည်။
ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ဆက်လက်၍ပါတီဗဟိုအတွင်းရေးမှူး၊၊ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာသန်းထွန်း၊ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးသိန်းထွန်းနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတို့ရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းစဥ်များတင်ပြဆွေးနွေးခဲ့ကြပြီးကြွေးကြော်သံများကြွေးကြော်ကာတွေ့ဆုံပွဲပြီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။




