The Best FIFA အကောင်းဆုံးဆုများကိုအူစမန်ဒမ်ဘီလီနဲ့ ဘွန်မာတီ ဆွတ်ခူး

The Best FIFA အကောင်းဆုံးဆုများကိုအူစမန်ဒမ်ဘီလီနဲ့ ဘွန်မာတီ ဆွတ်ခူး
====================
၂၀၂၅ The Best FIFA အကောင်းဆုံးဆုများကို PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမားအူစမန်ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းက စပိန်
ကွင်းလယ်လူ ဘွန်မာတီတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့စက်တင်ဘာလက Ballon d’Or ဆုကိုလည်း ဆွတ်ခူးထားခဲ့ကြတာပါ။

အူစမန်ဒမ်ဘီလီက အမျိုးသားအကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး ဘွန်မာတီကတော့ သုံးနှစ်ဆက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အမျိုးသားအခြားအကောင်းဆုံးဆုများအနက်နည်းပြဆုကို PSGအသင်းနည်းပြ အန်နရီကေး၊ ဂိုးသမားဆုကို အခု မန်စီးတီးရောက်နေတဲ့ PSG ဂိုးသမားဟောင်း ဒွန်နာရမ်မာ၊ သွင်းဂိုးဆုကိုအာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တေအသင်းက တောင်ပံကစားသမား မွန်တီယဲလ်တို့က ရရှိခဲ့ကြပါတယ်။

အမျိုးသားအကောင်းဆုံးအသင်းမှာ PSG ကစားသမား ခြောက်ဦးအထိ ပါဝင်ခဲ့ပြီး ဘာစီလိုနာက ၂ ဦး၊ ရီးယဲလ်မက်ဒရစ်၊ ချယ်လ်ဆီးနဲ့
လီဗာပူးလ်က တစ်ဦးစီ ရွေးချယ်ခံခဲ့ရပါတယ်။

အမျိုးသမီးအခြားဆုတွေမှာတော့ နည်းပြဆုကို အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဆာရီနာဗိဂ်မန်း၊ ဂိုးသမားဆုကို ချယ်လ်ဆီးနဲ့ အင်္ဂလန်ဂိုးသမားဟမ်တန်၊ သွင်းဂိုးဆုကို မက္ကဆီကိုကလပ် UANLအသင်းက တောင်ပံကစားသမားအိုဗယ်လေတို့က ရရှိခဲ့ကြပါတယ်။

အမျိုးသမီးအကောင်းဆုံးအသင်းမှာ စပိန်နဲ့ အင်္ဂလန်ကစားသမားတွေသာ ရွေးချယ်ခံရပြီး စပိန်က ခုနစ်ဦးနဲ့ အင်္ဂလန်က လေးဦး ပါဝင်ခဲ့ပါတယ်။

FIFA Fair Play Award ဆုကို ပရိသတ်တစ်ဦးရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ရေဂင်စဘတ်အသင်းဆရာဝန် ဟားလက်စ်နူကင်း၊ Fan Award ဆုကို
နေမကောင်းတဲ့ ကလေးငယ်တွေအတွက် ကွင်းထဲ အရုပ်တွေပစ်လှူဒါန်းခဲ့တဲ့ အီရတ်ကလပ် Zakho SC အသင်းတို့က ရရှိခဲ့ကြပါတယ်။ #Eleven