လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး ပျော်ကုန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၇)ရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက်တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး ပျော်ကုန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၇)ရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက်တွေ့ဆုံ

======================

ပျော်ဘွယ် ၊ ဒီဇင်ဘာ ၁၄

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ် ပျော်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ပျော်ကုန်း ၊ပေါက်အင်း၊ဇီးချိုကုန်း၊ခလန်းကန်၊မြောက်ညောင်ကုန်း၊တောင်ဦးတည်နှင့်ကုန်းသာကျေးရွာများသို့သွားရောက်ကာ မဲဆန္ဒရှင်မိဘပြည်သူများနှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

 

ပျော်ဘွယ်မြို့နယ် ပျော်ကုန်းကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများနှင့်သွားရောက်တွေ့ဆုံရာတွင် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်နိုင်ညွှန့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်သန်းသန်းအေးတို့က သွားရောက်တွေ့ဆုံခဲ့သည်။

 

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်၍ ပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေမိဘပြည်သူများက ရွေးကောက်ပွဲနှင့်ပက်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 

ပျော်ဘွယ်မြို့နယ်သည် လာမည့်ဒီဇင်ဘာလ ၂၈ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲပထမအကြိမ်တွင်ပါဝင်လျက်ရှိသည်။