အာရွႏိုင္ငံမ်ား၌ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေသဆုံးသူ ၁,၃၀၀ ေက်ာ္ရွိလာၿပီး ေပ်ာက္ဆုံးသူ ၉၀၀ ေက်ာ္ရွိ

အာရွႏိုင္ငံမ်ား၌ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေသဆုံးသူ ၁,၃၀၀ ေက်ာ္ရွိလာၿပီး ေပ်ာက္ဆုံးသူ ၉၀၀ ေက်ာ္ရွိ
================
အင္ဒိုနီးရွား၊ သီရိလကၤာႏွင့္ထိုင္းႏိုင္ငံတို႔၌ မိုးအဆက္မျပတ္႐ြာသြန္းမႈ၊ ေရႀကီးမႈႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ ေသဆုံးသူ ၁,၃၇၉ ဦးအထိရွိလာေၾကာင္း၊ ကယ္ဆယ္ေရးလုပ္သားမ်ားသည္ ဒီဇင္ဘာလ ၂ ရက္က ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ခဲ့ၾကေၾကာင္း NHK သတင္းတြင္ ေဖာ္ျပသည္။

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ပိုင္းဆူမားၾတားကြၽန္း၌ ေသဆုံးသူ ၇၄၄ ဦးရွိၿပီး ေပ်ာက္ဆုံးသူ ၅၅၁ ဦး ရွိသည္ဟု သိရသည္။

ေျမာက္ ဆူမားၾတားခ႐ိုင္တြင္ ေရႀကီးမႈေၾကာင့္ လူေပါင္း ၅၀၀,၀၀၀ ေက်ာ္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ ရသည္။

ခိုလႈံေနရာမ်ားတြင္ ေနထိုင္ေနၾကရသူမ်ားသည္ ၎တို႔၏အိမ္သို႔ အခ်ိန္မေ႐ြးျပန္ႏိုင္ရန္ မျဖစ္ႏိုင္သကဲ့သို႔ ကေလး မ်ား၏က်န္းမာေရးအေျခအေနအတြက္လည္း စိုးရိမ္ေနၾကရသည္။

အင္ဒိုနီးရွား သဘာဝေဘး စီမံခန႔္ခြဲမႈေအဂ်င္စီ က ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိေသာ္လည္း ေရေဘးသင့္ေဒသမ်ားတြင္ လမ္းမ်ားျပတ္ေတာက္ေနသည့္အတြက္ ကယ္ဆယ္ ေရးလုပ္ငန္းမ်ားမွာ အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရသည္။

အေျခခံအေဆာက္အအုံမ်ား ျပန္လည္ထူေထာင္ေရး သည္ အဓိကစိန္ေခၚမႈတစ္ရပ္ ျဖစ္သည္။

သီရိလကၤာႏိုင္ငံတြင္ သဘာဝေဘးေၾကာင့္ ေသဆုံးသူ ၄၆၅ ဦးရွိၿပီး ထိုင္းႏိုင္ငံတြင္ ေသဆုံးသူ ၁၇၀ ရွိသည္။

အင္ဒိုနီးရွားႏွင့္သီရိလကၤာႏိုင္ငံတို႔တြင္ သဘာဝေဘးေၾကာင့္ ေပ်ာက္ဆုံး သူ ဦးေရ ၉၀၀ ေက်ာ္ ရွိသည္ဟု NHK သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


အာရှနိုင်ငံများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁,၃၀၀ ကျော်ရှိလာပြီး ပျောက်ဆုံးသူ ၉၀၀ ကျော်ရှိ
================
အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့်ထိုင်းနိုင်ငံတို့၌ မိုးအဆက်မပြတ်ရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၁,၃၇၉ ဦးအထိရှိလာကြောင်း၊ ကယ်ဆယ်ရေးလုပ်သားများသည် ဒီဇင်ဘာလ ၂ ရက်က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း NHK သတင်းတွင် ဖော်ပြသည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဆူမားတြားကျွန်း၌ သေဆုံးသူ ၇၄၄ ဦးရှိပြီး ပျောက်ဆုံးသူ ၅၅၁ ဦး ရှိသည်ဟု သိရသည်။

မြောက် ဆူမားတြားခရိုင်တွင် ရေကြီးမှုကြောင့် လူပေါင်း ၅၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ရသည်။

ခိုလှုံနေရာများတွင် နေထိုင်နေကြရသူများသည် ၎င်းတို့၏အိမ်သို့ အချိန်မရွေးပြန်နိုင်ရန် မဖြစ်နိုင်သကဲ့သို့ ကလေး များ၏ကျန်းမာရေးအခြေအနေအတွက်လည်း စိုးရိမ်နေကြရသည်။

အင်ဒိုနီးရှား သဘာဝဘေး စီမံခန့်ခွဲမှုအေဂျင်စီ က ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော်လည်း ရေဘေးသင့်ဒေသများတွင် လမ်းများပြတ်တောက်နေသည့်အတွက် ကယ်ဆယ် ရေးလုပ်ငန်းများမှာ အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။

အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေး သည် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

သီရိလင်္ကာနိုင်ငံတွင် သဘာဝဘေးကြောင့် သေဆုံးသူ ၄၆၅ ဦးရှိပြီး ထိုင်းနိုင်ငံတွင် သေဆုံးသူ ၁၇၀ ရှိသည်။

အင်ဒိုနီးရှားနှင့်သီရိလင်္ကာနိုင်ငံတို့တွင် သဘာဝဘေးကြောင့် ပျောက်ဆုံး သူ ဦးရေ ၉၀၀ ကျော် ရှိသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။