ပရီးမီးယားလိဂ္ပြဲစဥ္(၁၃)ရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ဘ႐ူႏိုဖာနန္ဒက္စ္ ေ႐ြးခ်ယ္

ပရီးမီးယားလိဂ္ပြဲစဥ္(၁၃)ရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ဘ႐ူႏိုဖာနန္ဒက္စ္ ေ႐ြးခ်ယ္
===============
မန္ယူအသင္းေခါင္းေဆာင္ ေပၚတူဂီကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၁၃)ရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း သိရပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ခရစၥတယ္ပဲေလ့စ္ကို (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ႏွစ္ဂိုးစလုံးကို ဖန္တီးေပးၿပီး ေျခစြမ္းျပခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ မဲေပးမႈ အမ်ားဆုံးရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္က ပရိသတ္ေတြရဲ႕ ဆႏၵမဲ (၃၂%)ရရွိခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းေခါင္းေဆာင္ ရီးစ္ဂ်ိမ္းစ္က (၃၀%)၊ မန္စီးတီးတိုက္စစ္ကစားသမား ဖိုဒန္က (၁၆%) ရရွိခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားအျဖစ္ မန္ယူနဲ႔ စပါးက (၃)ဦးစီ ေ႐ြးခ်ယ္ခံထားရၿပီး လီဗာပူးလ္၊ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးက (၂)ဦးစီ၊ အာဆင္နယ္က (၁)ဦး ေ႐ြးခ်ယ္ခံထားရေၾကာင္း သိရပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈစုစုေပါင္း (၅၆)ႀကိမ္ရွိခဲ့ၿပီျဖစ္တာေၾကာင့္ မန္ယူကစားသမားေတြထဲမွာ ပရီးမီးယားလိဂ္ဂိုးဖန္တီးမႈအမ်ားဆုံး စတုတၳေျမာက္ကစားသမား ျဖစ္လာေၾကာင္း သိရပါတယ္။ #Eleven


ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ် ရွေးချယ်
===============
မန်ယူအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နှစ်ဂိုးစလုံးကို ဖန်တီးပေးပြီး ခြေစွမ်းပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ မဲပေးမှု အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘရူနိုဖာနန်ဒက်စ်က ပရိသတ်တွေရဲ့ ဆန္ဒမဲ (၃၂%)ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က (၃၀%)၊ မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန်က (၁၆%) ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားအဖြစ် မန်ယူနဲ့ စပါးက (၃)ဦးစီ ရွေးချယ်ခံထားရပြီး လီဗာပူးလ်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးက (၂)ဦးစီ၊ အာဆင်နယ်က (၁)ဦး ရွေးချယ်ခံထားရကြောင်း သိရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုစုစုပေါင်း (၅၆)ကြိမ်ရှိခဲ့ပြီဖြစ်တာကြောင့် မန်ယူကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံး စတုတ္ထမြောက်ကစားသမား ဖြစ်လာကြောင်း သိရပါတယ်။ #Eleven