တ႐ုတ္ လူတူစက္႐ုပ္ ၆၅ မိုင္ လမ္းေလွ်က္ၿပီး ဂင္းနစ္ ကမာၻ႔စံခ်ိန္တင္

တ႐ုတ္ လူတူစက္႐ုပ္ ၆၅ မိုင္ လမ္းေလွ်က္ၿပီး ဂင္းနစ္ ကမာၻ႔စံခ်ိန္တင္
=================
တ႐ုတ္ႏိုင္ငံမွ လူတူစက္႐ုပ္တစ္႐ုပ္က သုံးရက္တိုင္တိုင္ လမ္းေလွ်ာက္ၿပီးေနာက္ဂင္းနစ္မွတ္တမ္း ဝင္သြားၿပီျဖစ္ေၾကာင္း သိရသည္။ အျမင့္ ၁၆၉ စင္တီမီတာရွိသည့္AgiBot A2 အမည္ရွိအဆိုပါစက္႐ုပ္သည္ သုံးရက္အတြင္းကီလိုမီတာ ၁၀၀ ေက်ာ္ လမ္းေလွ်ာက္ျခင္းျဖင့္ လူတူစက္႐ုပ္အေနျဖင့္ အေဝးဆုံး လမ္းေလွ်ာက္ႏိုင္သည့္ စံခ်ိန္ကိုတင္ႏိုင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါစက္႐ုပ္သည္ ႏိုင္ငံအေရွ႕ပိုင္းရွိ ဆူက်ိဳးၿမိဳ႕မွ ႏိုဝင္ဘာလ ၁၀ ရက္ညေနပိုင္းတြင္ စတင္ထြက္ခြာကာ အျမန္လမ္းမႀကီးမ်ား၊ ၿမိဳ႕တြင္းလမ္းမ်ားကိုျဖတ္သန္းၿပီး ရွန္ဟိုင္းၿမိဳ႕သို႔ ႏိုဝင္ဘာလ ၁၃ ရက္တြင္ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း ဂင္းနစ္ကမာၻ႔မွတ္တမ္းတင္ အဖြဲ႕ကထုတ္ျပန္ထားသည္။

ယင္းစက္႐ုပ္ကို ရွန္ဟိုင္းၿမိဳ႕အေျခစိုက္ AgiBot ကုမၸဏီက ထုတ္လုပ္ထားျခင္းျဖစ္ၿပီး ၎သည္ ၁၀၆ ဒသမ ၂၈၆ ကီလိုမီတာအကြာအေဝးရွိခရီးကို မရပ္မနားသြားစဥ္ လမ္းစည္းကမ္းမ်ားကိုလည္း လိုက္နာခဲ့ေၾကာင္း ကုမၸဏီက ထုတ္ျပန္ထားသည္။

လက္ရွိ ကမာၻ႔နည္းပညာ ကုမၸဏီမ်ားက ဉာဏ္ရည္တုနည္းပညာ(AI) အသုံးျပဳစက္႐ုပ္မ်ားကို ပိုမိုတိုးျမႇင့္ ထုတ္လုပ္လာၾကရာ ၂၀၅၀ ျပည့္ႏွစ္တြင္ လူတူစက္႐ုပ္၁ ဘီလီယံေက်ာ္ ရွိမည္ျဖစ္ေၾကာင္း ခန႔္မွန္းရသည္။


တရုတ် လူတူစက်ရုပ် ၆၅ မိုင် လမ်းလျှေက်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တင်
=================
တရုတ်နိုင်ငံမှ လူတူစက်ရုပ်တစ်ရုပ်က သုံးရက်တိုင်တိုင် လမ်းလျှောက်ပြီးနောက်ဂင်းနစ်မှတ်တမ်း ဝင်သွားပြီဖြစ်ကြောင်း သိရသည်။ အမြင့် ၁၆၉ စင်တီမီတာရှိသည့်AgiBot A2 အမည်ရှိအဆိုပါစက်ရုပ်သည် သုံးရက်အတွင်းကီလိုမီတာ ၁၀၀ ကျော် လမ်းလျှောက်ခြင်းဖြင့် လူတူစက်ရုပ်အနေဖြင့် အဝေးဆုံး လမ်းလျှောက်နိုင်သည့် စံချိန်ကိုတင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုပ်သည် နိုင်ငံအရှေ့ပိုင်းရှိ ဆူကျိုးမြို့မှ နိုဝင်ဘာလ ၁၀ ရက်ညနေပိုင်းတွင် စတင်ထွက်ခွာကာ အမြန်လမ်းမကြီးများ၊ မြို့တွင်းလမ်းများကိုဖြတ်သန်းပြီး ရှန်ဟိုင်းမြို့သို့ နိုဝင်ဘာလ ၁၃ ရက်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတင် အဖွဲ့ကထုတ်ပြန်ထားသည်။

ယင်းစက်ရုပ်ကို ရှန်ဟိုင်းမြို့အခြေစိုက် AgiBot ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၎င်းသည် ၁၀၆ ဒသမ ၂၈၆ ကီလိုမီတာအကွာအဝေးရှိခရီးကို မရပ်မနားသွားစဉ် လမ်းစည်းကမ်းများကိုလည်း လိုက်နာခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

လက်ရှိ ကမ္ဘာ့နည်းပညာ ကုမ္ပဏီများက ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြုစက်ရုပ်များကို ပိုမိုတိုးမြှင့် ထုတ်လုပ်လာကြရာ ၂၀၅၀ ပြည့်နှစ်တွင် လူတူစက်ရုပ်၁ ဘီလီယံကျော် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။