နယ္စပ္၌ ေျမျမႇဳပ္မိုင္းအသစ္မ်ားခင္းျခင္းမရွိဟု ကေမာၻဒီးယားထုတ္ျပန္

နယ္စပ္၌ ေျမျမႇဳပ္မိုင္းအသစ္မ်ားခင္းျခင္းမရွိဟု ကေမာၻဒီးယားထုတ္ျပန္
=================
ကေမာၻဒီးယား-ထိုင္းနယ္စပ္၌ ေျမျမႇဳပ္မိုင္းအသစ္မ်ားကို ခင္းေနျခင္းမရွိေၾကာင္း ကေမာၻဒီးယားအစိုးရက ႏိုဝင္ဘာလ ၁၁ ရက္တြင္ ထုတ္ျပန္လိုက္သည္။
ႏိုဝင္ဘာလ ၁၀ ရက္တြင္ နယ္စပ္၌ ေျမျမႇဳပ္မိုင္းတစ္လုံးကြဲျခင္းေၾကာင့္ ကင္းလွည့္ေနသည့္ ထိုင္းစစ္သည္ႏွစ္ဦးဒဏ္ရာရရွိၿပီးေနာက္ ကေမာၻဒီးယားအေနျဖင့္ မိုင္းအသစ္မ်ားခင္းေနသည္ ဟူေသာ ထိုင္းႏိုင္ငံ၏စြပ္စြဲခ်က္ကို ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယခုကဲ့သို႔ ျငင္းဆိုလိုက္ျခင္းျဖစ္သည္။
ထို႔ျပင္ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာျမင့္ခဲ့သည့္ ကေမာၻဒီးယားျပည္တြင္းစစ္က်န္ မိုင္းကြင္းမ်ားသည္ ကေမာၻဒီးယား-ထိုင္းနယ္စပ္၌ရွိေနဆဲျဖစ္ေၾကာင္း၊ မိုင္းကြင္းအမ်ားစုမွာ ေျမအေျခအေနအရႏွင့္ ပိုင္နက္နယ္ေျမ အျငင္းပြားမႈ အေျခအေနအရတို႔ေၾကာင့္ ရွင္းလင္းထားျခင္းမရွိေသးသည္ကို သတိျပဳသင့္ေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရး ဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပထားသည္။
ထို႔ျပင္ မိုင္းေပါက္ကြဲမႈေၾကာင့္ ပူးတြဲၿငိမ္းခ်မ္းေရးေၾကညာခ်က္ပါ သေဘာတူညီခ်က္မ်ားကို လိုက္နာမႈ ရပ္ဆိုင္းသည္ ဟူေသာ ထိုင္းႏိုင္ငံ၏ဆုံးျဖတ္ခ်က္အေပၚ လြန္စြာစိုးရိမ္ေၾကာင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံကမူ ထို သေဘာတူညီခ်က္မ်ားကို ဆက္လက္လိုက္နာသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ဟု ဆင္ဟြာသတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။
နယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များခင်းခြင်းမရှိဟု ကမ္ဘောဒီးယားထုတ်ပြန်
=================
ကမ္ဘောဒီးယား-ထိုင်းနယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များကို ခင်းနေခြင်းမရှိကြောင်း ကမ္ဘောဒီးယားအစိုးရက နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလ ၁၀ ရက်တွင် နယ်စပ်၌ မြေမြှုပ်မိုင်းတစ်လုံးကွဲခြင်းကြောင့် ကင်းလှည့်နေသည့် ထိုင်းစစ်သည်နှစ်ဦးဒဏ်ရာရရှိပြီးနောက် ကမ္ဘောဒီးယားအနေဖြင့် မိုင်းအသစ်များခင်းနေသည် ဟူသော ထိုင်းနိုင်ငံ၏စွပ်စွဲချက်ကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
ထို့ပြင် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့သည့် ကမ္ဘောဒီးယားပြည်တွင်းစစ်ကျန် မိုင်းကွင်းများသည် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်၌ရှိနေဆဲဖြစ်ကြောင်း၊ မိုင်းကွင်းအများစုမှာ မြေအခြေအနေအရနှင့် ပိုင်နက်နယ်မြေ အငြင်းပွားမှု အခြေအနေအရတို့ကြောင့် ရှင်းလင်းထားခြင်းမရှိသေးသည်ကို သတိပြုသင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် မိုင်းပေါက်ကွဲမှုကြောင့် ပူးတွဲငြိမ်းချမ်းရေးကြေညာချက်ပါ သဘောတူညီချက်များကို လိုက်နာမှု ရပ်ဆိုင်းသည် ဟူသော ထိုင်းနိုင်ငံ၏ဆုံးဖြတ်ချက်အပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကမူ ထို သဘောတူညီချက်များကို ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။




