ရန္ကုန္ၿမိဳ႕ရွိ သီလဝါဆိပ္ကမ္းသို႔ ႐ုရွားစစ္ေရယာဥ္ ၃ စင္း ေရာက္ရွိ

ရန္ကုန္ၿမိဳ႕ရွိ သီလဝါဆိပ္ကမ္းသို႔ ႐ုရွားစစ္ေရယာဥ္ ၃ စင္း ေရာက္ရွိ
===================
တတိယအႀကိမ္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ေရေၾကာင္းလုံၿခဳံေရးဆိုင္ရာ ေလ့က်င့္ခန္းေဆာင္႐ြက္ရန္ႏွင့္ ခ်စ္ၾကည္ေရးခရီးလည္ပတ္ရန္အတြက္ ရန္ကုန္ၿမိဳ႕ရွိ သီလဝါဆိပ္ကမ္း သို႔ ႐ုရွားႏိုင္ငံ၊ ႐ုရွားေရတပ္ Pacific Fleet မွစစ္ေရယာဥ္ ၃ စင္း ႏိုဝင္ဘာလ ၁၀ ရက္ညေနပိုင္းမွာ ဆိုက္ေရာက္လာခဲ့ေၾကာင္း သိရပါတယ္။
၎စစ္ေရယာဥ္မ်ားမွာ ဖရီးဂိတ္စစ္ေရယာဥ္ Marshal Shaposhnikov၊ ေကာ္ဗက္စစ္ေရယာဥ္ Gremyashchiy ႏွင့္ ေထာက္ပံ့ေရးေရယာဥ္ Boris Butoma တို႔ ဆိုက္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
အဆိုပါ စစ္ေရယာဥ္မ်ားကို တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ား၊ ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနတဲ့ ႐ုရွားေရတပ္မွ ဒုတိယေရတပ္ဦး စီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး Aleksei Anatolievich kilashko၊ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားစစ္သံမႉးႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုခဲ့ၾကေၾကာင္း သိရပါတယ္။
အဆိုပါစစ္ေရယာဥ္မ်ားမွာ အဖြဲ႕ေခါင္းေဆာင္အျဖစ္ ႐ုရွားေရတပ္ Pacific Fleet မွ Captain 1st Rank Ulyanenko Aleksey ဦးစီးကာ အရာရွိ၊ စစ္သည္မ်ား လိုက္ပါလာၿပီး ၎တို႔က ခရီးစဥ္အတြင္းမွာ ရန္ကုန္ၿမိဳ႕ရွိ အထင္ကရေနရာမ်ားကို သြားေရာက္ေလ့လာလည္ပတ္ျခင္း၊ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ား ျပဳလုပ္ ျခင္းႏွင့္ ဆိပ္ကမ္းအေျချပဳေလ့က်င့္ခန္း (Harbour Phase)မ်ားကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရုရှားစစ်ရေယာဉ် ၃ စင်း ရောက်ရှိ
===================
တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း သို့ ရုရှားနိုင်ငံ၊ ရုရှားရေတပ် Pacific Fleet မှစစ်ရေယာဉ် ၃ စင်း နိုဝင်ဘာလ ၁၀ ရက်ညနေပိုင်းမှာ ဆိုက်ရောက်လာခဲ့ကြောင်း သိရပါတယ်။
၎င်းစစ်ရေယာဉ်များမှာ ဖရီးဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Gremyashchiy နှင့် ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ စစ်ရေယာဉ်များကို တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ရုရှားရေတပ်မှ ဒုတိယရေတပ်ဦး စီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich kilashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါစစ်ရေယာဉ်များမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီးကာ အရာရှိ၊ စစ်သည်များ လိုက်ပါလာပြီး ၎င်းတို့က ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့ရှိ အထင်ကရနေရာများကို သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ် ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase)များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။




