ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးျမတ္ဟိန္းမဲဆႏၵရွင္ျပည္သူမ်ားႏွင့္ေတြ႕ဆုံ


ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးျမတ္ဟိန္းမဲဆႏၵရွင္ျပည္သူမ်ားႏွင့္ေတြ႕ဆုံ
===============================
၁၀-၁၁-၂၀၂၅ ေနျပည္ေတာ္
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ဒကၡိဏသီရိၿမိဳ႕နယ္၊ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးျမတ္ဟိန္းသည္ ယေန႔ ညေန ၄ နာရီအခ်ိန္တြင္ ဒကၡိဏသီရိၿမိဳ႕နယ္၊ ၾကာပင္ေက်း႐ြာအုပ္စု ၊ထန္းတပင္ေက်း႐ြာမွ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
အဆိုပါ ေတြ႕ဆုံပြဲတြင္ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးျမတ္ဟိန္း သည္ မဲဆႏၵရွင္ျပည္သူမ်ားကိုရင္းႏွီးစြာေတြ႕ဆုံႏႈတ္ဆက္ခဲ့ၿပီးေတာင္သူလယ္သမားဘဝတိုးတက္ျမင့္မားေရး၊ပညာေရးက႑ ၊ အလုပ္သမားက႑ မ်ား ျမင့္မားတိုးတက္ေရးႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအစီအမံမ်ားကို ခ်ျပေဆြးေႏြးေျပာၾကာခဲ့ၿပီး ေတြ႕ဆုံပြဲၿပီးေျမာက္ခဲ့ေၾကာင္း သိရသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းမဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
===============================
၁၀-၁၁-၂၀၂၅ နေပြည်တော်
နေပြည်တော်ကောင်စီနယ်မြေ၊ဒက္ခိဏသီရိမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းသည် ယနေ့ ညနေ ၄ နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု ၊ထန်းတပင်ကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင်ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြတ်ဟိန်း သည် မဲဆန္ဒရှင်ပြည်သူများကိုရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်ခဲ့ပြီးတောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေး၊ပညာရေးကဏ္ဍ ၊ အလုပ်သမားကဏ္ဍ များ မြင့်မားတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအမံများကို ချပြဆွေးနွေးပြောကြာခဲ့ပြီး တွေ့ဆုံပွဲပြီးမြောက်ခဲ့ကြောင်း သိရသည်။




