အင္ဒိုနီးရွားက A400M ေလယာဥ္ေလးစင္းထပ္မံဝယ္ယူရန္ရွိ

အင္ဒိုနီးရွားက A400M ေလယာဥ္ေလးစင္းထပ္မံဝယ္ယူရန္ရွိ
အင္ဒိုနီးရွားႏိုင္ငံသမၼတ ပရာဘိုဝိုဆူဘီယန္တိုသည္ ႏိုင္ငံအေနျဖင့္ Airbus A400M အမ်ိဳးအစား စစ္ဘက္ သုံး ေလယာဥ္ေလးစင္းထပ္မံဝယ္ယူရန္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားစတင္ႏိုင္ေၾကာင္း ႏိုဝင္ဘာလ ၃ ရက္ တြင္ ေျပာသည္။
ယင္းဝယ္ယူမႈသည္ ႏိုင္ငံ၏သက္တမ္းရင့္ေနေသာ စစ္ဘက္ဆိုင္ရာပစၥည္းမ်ားကို ျပန္လည္မြမ္းမံရန္ ေဆာင္႐ြက္ေနသည့္ လုပ္ငန္းစဥ္၏တစ္စိတ္တစ္ပိုင္း ျဖစ္သည္။
၂၀၂၁ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့သည့္ ပထမဆုံး A400M ေလယာဥ္ႏွစ္စင္းအနက္ ပထမဆုံးတစ္စင္းေရာက္ရွိလာျခင္းကို စစ္ေဆးသည့္ အခမ္းအနား အၿပီးတြင္ သမၼတက ထိုသို႔ေျပာျခင္းျဖစ္သည္။
A400M သည္ ေလယာဥ္ဆီသယ္ယာဥ္မ်ားႏွင့္ ေျမတူးစက္မ်ားကဲ့သို႔ေသာ ႀကီးမား ၿပီးေလးလံသည့္ ဝန္စည္မ်ားကို သယ္ယူပို႔ေဆာင္ႏိုင္ကာ ပ်က္စီးေနေသာ သို႔မဟုတ္ တိုေတာင္းေသာ ေလယာဥ္ေျပးလမ္းမ်ားကို အသုံးျပဳႏိုင္စြမ္းရွိသည္။
သမၼတပရာဘိုဝို၏ ေျပာၾကားခ်က္အရ ဤေလယာဥ္မ်ားသည္ ျပည္တြင္း၌ျဖစ္ပြားေသာ သဘာဝေဘးအႏၲရာယ္မ်ားအျပင္ ဂါဇာကဲ့သို႔ ႏိုင္ငံျခားတြင္လုပ္ေဆာင္ရမည့္ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာလုပ္ငန္းမ်ားအတြက္ အင္ဒိုနီးရွားတပ္မေတာ္ကို အကူအညီေပးႏိုင္မည္ျဖစ္ေၾကာင္း ST သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။
အင်ဒိုနီးရှားက A400M လေယာဉ်လေးစင်းထပ်မံဝယ်ယူရန်ရှိ
အင်ဒိုနီးရှားနိုင်ငံသမ္မတ ပရာဘိုဝိုဆူဘီယန်တိုသည် နိုင်ငံအနေဖြင့် Airbus A400M အမျိုးအစား စစ်ဘက် သုံး လေယာဉ်လေးစင်းထပ်မံဝယ်ယူရန် ဆွေးနွေးညှိနှိုင်းမှုများစတင်နိုင်ကြောင်း နိုဝင်ဘာလ ၃ ရက် တွင် ပြောသည်။
ယင်းဝယ်ယူမှုသည် နိုင်ငံ၏သက်တမ်းရင့်နေသော စစ်ဘက်ဆိုင်ရာပစ္စည်းများကို ပြန်လည်မွမ်းမံရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံး A400M လေယာဉ်နှစ်စင်းအနက် ပထမဆုံးတစ်စင်းရောက်ရှိလာခြင်းကို စစ်ဆေးသည့် အခမ်းအနား အပြီးတွင် သမ္မတက ထိုသို့ပြောခြင်းဖြစ်သည်။
A400M သည် လေယာဉ်ဆီသယ်ယာဉ်များနှင့် မြေတူးစက်များကဲ့သို့သော ကြီးမား ပြီးလေးလံသည့် ဝန်စည်များကို သယ်ယူပို့ဆောင်နိုင်ကာ ပျက်စီးနေသော သို့မဟုတ် တိုတောင်းသော လေယာဉ်ပြေးလမ်းများကို အသုံးပြုနိုင်စွမ်းရှိသည်။
သမ္မတပရာဘိုဝို၏ ပြောကြားချက်အရ ဤလေယာဉ်များသည် ပြည်တွင်း၌ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များအပြင် ဂါဇာကဲ့သို့ နိုင်ငံခြားတွင်လုပ်ဆောင်ရမည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများအတွက် အင်ဒိုနီးရှားတပ်မတော်ကို အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။




