ဆီးဂိမ်းဝင်ပြိုင်မည့် မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့ အုပ်စုခွဲဝေမှု ဇယားထွက်ပေါ်လာ

ဆီးဂိမ်းဝင်ပြိုင်မည့် မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့ အုပ်စုခွဲဝေမှု ဇယားထွက်ပေါ်လာ

======================

33rd SEA GAMES THAILAND 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာအသင်းယှဥ်ပြိုင်ရမည့် အုပ်စုဇယားထွက်ပေါ်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ‌ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က အသိပေးထားသည်။

မြန်မာအမျိုးသားအသင်း(Men Team Regu)အနေဖြင့် အုပ်စု(A) တွင် မလေးရှား၊ ဖိလစ်ပိုင်စင်ကာပူအသင်းများဖြင့် ကျရောက်နေပြီး၊ မြန်မာအမျိုးသမီးအသင်း(Women Team Regu)အနေဖြင့် အုပ်စု (B)တွင် မလေးရှား၊ အင်ဒိုနီးယား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေသည်။

အလားတူ မြန်မာအမျိုးသားအသင်း (Men Quadrant)အနေဖြင့် အုပ်စု(A)တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောနှင့် ထိုင်းအသင်းတို့ဖြင့် ကျရောက်နေသလို မြန်မာအမျိုးသမီး(Women Quadrant) အနေဖြင့် အင်ဒိုနီးရှား၊ မ‌လေးရှား၊ ထိုင်းအသင်းတို့နှင့်အတူ ကျရောက်နေခြင်းဖြစ်သည်။

ထို့အပြင် Mix Quadrant ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဗီယက်နမ်၊ မလေးရှား၊ လာအိုအသင်းတို့ဖြင့် တအုပ်စုတည်းကျရောက်နေကြောင်း သိရသည်။

ထို့နည်းတူ အမျိုးသား Men Hoop ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်၊ကမ္ဘောဒီးယားအသင်းတို့ဖြင့် ကျရောက်နေသလို Women Hoop ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် လာအိုအသင်းဖြင့်ကျရောက်နေသည်။

ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို၊ ချောင်ဘူရီမြို၊ ဆောင်ခလာမြို့တို၌ ကျင်းပသွားမည်ကာ၊ အားကစားအမျိုးအစားပေါင်း(၅၀) ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။