ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဂွိုင်းရား ရွေးချယ်ခံရ

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဂွိုင်းရား ရွေးချယ်ခံရ

====================

မန်ယူအသင်းရဲ့အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ မန်ယူအသင်းက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မက်ဂွိုင်းရားက အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ အနိုင်ဂိုးပါ သွင်းယူပေးခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေရဲ့ ဆန္ဒမဲ (၄၂%)ရရှိကာ ပွဲစဉ်(၈)ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဟာလန်းက (၁၄%)၊ မာတက်တာက (၁၂%)၊ ဆာကာက (၁၁%)၊ ရီးစ်ဂျိမ်းစ်က (၁၀%)၊ မူကီလီက (၇%)၊ နက်တိုက (၃%)၊ ကရူပီက (၁%)သာ ရရှိခဲ့ကြောင်း သိရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို စပါးက (၃)ဦး၊ လီဗာပူးလ်က (၂)ဦး၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ မန်ယူက (၁)ဦးစီ ရရှိထားပြီး နှစ်ကြိမ်ရရှိသူ မရှိသေးပါဘူး။

အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းရားဟာ လစာလျှော့ယူပြီး မန်ယူအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။