ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝပ်ထရာ ဖျူထိုင်းပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝပ်ထရာ ဖျူထိုင်းပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်
===============
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝပ်ထရာ သည် ဖျူထိုင်းပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ကြောင်း ယနေ့ကြေညာခဲ့ပါတယ်။
ကြေညာချက်တွင် ပေတုံတန် သည် လာမည့်ရွေးကောက်ပွဲမတိုင်မီ ပါတီကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ပြင်ဆင်မှုစတင်ရန် သူမရဲ့ရည်ရွယ်ချက်ကို ဖော်ပြခဲ့ပါတယ်။
“ဒီအသွင်ကူးပြောင်းမှုကို မနှောင့်နှေးဘဲ စတင်ရမယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ ဒါကြောင့် ပါတီအား လွတ်လပ်စွာဖြင့် ပြန်လည်ဆန်းသစ်ပြီး ခိုင်မာပြည့်စုံတဲ့ အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ဖို့ ရွေးချယ်ခဲ့တာပါ” လို့ ပေတုံတန် က ပြောကြားခဲ့ပါတယ်။
ပေတုံတန် က သူမသည် ပါတီဝင်အဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး ဖျူထိုင်းပါတီ မိသားစု ခေါင်းဆောင်သည် ပြည်သူများနှင့် ခိုင်မြဲစွာရပ်တည်ပြီး နိုင်ငံတော်အတွက် မမောမပန်းလုပ်ဆောင်တဲ့ ပါတီအတွက် ခေတ်သစ်တစ်ခုတည်ဆောက်ရာတွင် ကူညီပေးရန်ကတိပြုထားကြောင်း အတည်ပြုပြောကြား ခဲ့ပါတယ်။
ကမ္ဘောဒီးယားနှင့် နယ်စပ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ပေတုံတန် ကို သြဂုတ်လအတွင်းက ရာထူးမှဖယ်ရှားခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး၏ စီရင်ချက် အပြီးတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။