ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်းသင်းကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကျေးပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်းသင်းကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကျေးပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်
========================
ကျောက်ဆည် အောက်တိုဘာ ၁၃

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းသည် ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေး ရွာအုပ်စု ၉၇အုပ်စုမှ ပါတီကော်မ တီဝင်များ၊မဲရုံကိုယ်စားလှယ်/အကူကိုယ်စားလှယ်တာဝန် ဆောင်ရွက်မည့် ပါတီဝင်များနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာမောင်သင်း၊ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင်များ၊ကျောက်ဆည်မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်ကော်မတီဝင်များ၊ရပ်/ကျေးပါတီဥက္ကဌများ၊မဲရုံကိုယ်စားလှယ်/အကူကိုယ်စား လှယ်ဆောင်ရွက်ကြမည့် ပါတီဝင်များ၊စုစုပေါင်းအင်အား ၂၅၂ဦး တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံ ပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှကျောက်ဆည်မြို့နယ်သည် သမိုင်းအစဥ်အလာကြီးမားသည့် မြို့နယ်ဖြစ်၍ မိမိပါတီဝင်များမှ တန်ဖိုးထားပြီး ပါတီအောင်နိူင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီသမိုင်းကြောင်း၊ရွေးကောက်ပွဲအကြောင်းသိကောင်းစရာများ၊ ပါတီအောင်နိူင်ရေးအဖွဲ့များဖွဲ့စည်းနိူင်ရေးနှင့်မဲရုံကိုယ်စားလှယ်/အကူကိုယ်စားလှယ်များဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။