ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး(၁၀၅)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားနှင့် (၄၈)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲသို့ ပြတက်ရောက်၍အလှူငွေများပေးအပ်လှူဒါန်း
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး(၁၀၅)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားနှင့် (၄၈)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲသို့ ပြတက်ရောက်၍အလှူငွေများပေးအပ်လှူဒါန်း
=======================
ရန်ကုန်. အောက်တိုဘာ. ၁၃
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကစီစဥ်ကျင်းပသော(၁၀၅)နှစ်မြောက်မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားနှင့်(၄၈)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ၁၃.၁၀.၂၀၂၅ရက်နေ့ နံနက်(၀၉း၀၀)နာရီတွင် ဗဟန်းမြို့နယ် ဝင်ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရွှေရတုခန်းမကြီး၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှုးဦးပိုက်ထွေး၊ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌဦးခင်မောင်စိုး၊တိုင်းပါတီအတွင်းရေးမှူးဦးအောင်ကျော်မင်းနှင့်ပဲခူးတိုင်းကော်မတီဝင်ဒေါက်တာသန့်ဇော်လွင်တို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှလှူဒါန်းသောအလှူငွေကျပ်သိန်း(၂၀)ကို ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှလည်းကောင်း ၊တိုင်းဒေသကြီးပါတီမှအလှူငွေကျပ်(၁၀)သိန်းကို တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးမှလည်းကောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။