တားမြစ်ဆေး စစ်ဆေးမှုခံယူဖို့ ပျက်ကွက်တာကြာင့် မက်ဂရီဂေါ် ၁၈ လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

တားမြစ်ဆေး စစ်ဆေးမှုခံယူဖို့ ပျက်ကွက်တာကြာင့် မက်ဂရီဂေါ် ၁၈ လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

==================

နာမည်ကြီး အိုင်ယာလန် MMA ကစားသမား မက်ဂရီဂေါ်ဟာ တားမြစ်ဆေး စစ်ဆေးမှုခံယူဖို့ ပျက်ကွက်တာကြောင့် ၁၈ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။

UFC ဖယ်သာဝိတ်တန်းနဲ့ လိုက်ဝိတ်တန်းချန်ပီယံဟောင်း မက်ဂရီဂေါ် (၃၇ နှစ်) ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တားမြစ်ဆေးစစ်ဆေးမှု နမူနာသုံးကြိမ်ပေးပို့ဖို့ ပျက်ကွက်ခဲ့ကြောင်း တိုက်ခိုက်ရေးအားကစားတားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ (CSAD) က ထုတ်ပြန်ခဲ့ပါတယ်။

UFC ပြိုင်ပွဲရဲ့ မူဝါဒအရ အားကစားသမားတွေအနေနဲ့ ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာ အချက်အလက်တွေ တိကျမှန်ကန်စွာပေးပို့ရမှာဖြစ်ပြီး ဒါမှသာ ကြိုတင်အသိပေးခြင်းမရှိဘဲ တားမြစ်ဆေးစစ်ဆေးမှု နမူနာတွေကို ရယူနိုင်မှာဖြစ်ပါတယ်။

မက်ဂရီဂေါ်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ပိုရီယေးနဲ့ ထိုးသတ်စဉ် ခြေထောက်ကျိုးဒဏ်ရာရရှိပြီးနောက်ပိုင်း ပွဲဝေးနေသူပါ။

မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်နဲ့ စက်တင်ဘာ ၂၀ ရက်မှာ တားမြစ်ဆေးစစ်ဆေးမှု နမူနာတွေပေးပို့ဖို့ ပျက်ကွက်ခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် CSAD က သူ့ကို ကနဦးမှာ ၂၄ လ ပွဲပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့ ၁၈ လကို ပြန်လည်လျှော့ချပေးခဲ့ခြင်းဖြစ်ပါတယ်။

ပွဲပယ်ပြစ်ဒဏ်က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှာ စတင်မှာဖြစ်တာကြောင့် ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်မှသာ ပြစ်ဒဏ်စေ့မှာဖြစ်ပါတယ်။  #Eleven