ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း တံတားဦးခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီကော်မတီဝင်များနှင့်မြို့မိမြို့ဖများ တွေ့ဆုံပွဲသို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း တံတားဦးခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီကော်မတီဝင်များနှင့်မြို့မိမြို့ဖများ တွေ့ဆုံပွဲသို့တက်ရောက်
=========================
တံတားဦး အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီကော်မတီဝင်များ၊မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊တံတားဦးခရိုင်/မြို့ နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ နှုတ်ခွန်းဆက်စကားနှင့် ရွေးကောက်ပွဲအောင်နိူင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ဒေသအခြေအနေပေါ်မူတည်၍ ဆောင်ရွက်၍ရသော အောင်နိူင်ရေးလုပ်ငန်းစဥ်များကို ကြိုးစားဆောင်ရွက်ကြရေး၊အောင်နိူင်ရေးဆောင်ရွက်ရာတွင် နိူင်ကိုနိူင်ရမည်ဟူသော အောင်နိူင်လိုစိတ်ဖြင့် စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပါတီဗဟိုအလုပ်အမှု ဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အောင်နိူင်ရေးလုပ်ငန်းစဥ်များအား တက်ညီ လက်ညီကြိုးစားဆောင်ရွက်ကြရေး၊အောင်နိူင်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် ဆောင်ရန်/ရှောင်ရန် အချက်အလက်များ၊ပါတီဝင်များ၊မိသားစုများ၊ပါတီဝန်းရံသူအားလုံး မဲပေးရေး စည်းရုံးဆောင်ရွက်ရန်၊ရုံးလုပ်ငန်းဆိုင်ရာများ မလစ်ဟင်းအောင် ဆောင်ရွက်ရေး၊ရံပုံငွေ သုံး စွဲရာတွင် ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျသုံးစွဲရန်နှင့် FPTP/PR စနစ်များအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပါတီ၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပါတီအောင်နိုင်ရေးအတွက် စနစ်တကျစီစဥ်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

၎င်းနောက် တံတားဦးခရိုင်/မြို့နယ်ပါတီဥက္ကဌ ဦးဝင်းမင်းထွန်းမှ ဒေသအခြေအနေများနှင့်ပါတီအောင်နိူင်ရေးအတွက် ဆောင်ရွက်နေမှုများအား တင်ပြဆွေးနွေးခဲ့ပြီး မြို့မိမြို့ဖများမှ ပါတီအောင်နိူင်ရေးအတွက် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့်ဆောင်ရွက်သင့်သည်များကို အကြံပြုတင်ပြခဲ့ကြပါသည်။

၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ပါသည်။