ရေသန့်ဘူးနေရာမှာ အစားထိုးဖို့ ဝါးစားနိုင်တဲ့ ရေပူဖောင်းတစ်မျိုးကို တီထွင်
ရေသန့်ဘူးနေရာမှာ အစားထိုးဖို့ ဝါးစားနိုင်တဲ့ ရေပူဖောင်းတစ်မျိုးကို တီထွင်
==========
ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ ရေသန့်ဘူးတွေနေရာမှာ အစားထိုးနိုင်ဖို့အတွက် ဝါးစားနိုင်တဲ့ ရေပူဖောင်းတစ်မျိုးကို ရေညှိကနေ တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။ သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးသွားနိုင်တဲ့ ရေပူဖောင်းဟာ ချယ်ရီခရမ်းချဉ်သီးတစ်လုံးစာ အရွယ်အစားရှိပြီး အရသာ မပါပါဘူး။ သားသတ်လွတ် ဖြစ်ပြီး စားသုံးဖို့လည်း ဘေးဥပဒ်မရှိပါဘူး။
မာရသွန်ပြိုင်ပွဲ၊ ဂီတဖျော်ဖြေပွဲတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ဒီဖန်တီးမှုက ပလတ်စတစ်ရေသန့်ဘူး သန်းပေါင်းများစွာကို လျှော့ချပေးနိုင်မှာဖြစ်လို့ ပလတ်စတစ်ညစ်ညမ်းမှုကို ထိန်းသိမ်းပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
Ref: Scientists in Switzerland have developed edible water bubbles made from seaweed extract
#Yoyarlay