မန်ယူကစားသမား မိန်နူးကို ရီးယဲလ်နဲ့ အက်သလက်တီကိုတို စိတ်ဝင်စားနေ
မန်ယူကစားသမား မိန်နူးကို ရီးယဲလ်နဲ့ အက်သလက်တီကိုတို စိတ်ဝင်စားနေ
====================
မန်ယူအသင်းကနေ ထွက်ခွာဖို ဆန္ဒရှိနေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူးကို လာလီဂါထိပ်သီးကလပ်နှစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုအသင်းတိုက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
မိန်နူး(၂၀)နှစ်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်နှစ်ပွဲမှာ ပါဝင်ကစားခွင့်မရဘဲ ပွဲကစားခွင့်ရဖို ရုန်းကန်ရဖွယ်ရှိနေတာကြောင့် အသင်းပြောင်းရွှေ့ကစားဖို ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
မိန်နူးဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ ကြွက်သားဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း အရန်ကစားသမားအဖြစ်သာ ရပ်တည်နေခဲ့ရတာကြောင့် စိတ်ပျက်နေကြောင်းလည်း သိရပါတယ်။
လက်ရှိအချိန်မှာ မိန်နူးကို ခေါ်ယူဖို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတချိုကလည်း စိတ်ဝင်စားနေကြပြီး ခေါ်ယူလိုတဲ့အသင်း (၁၀)သင်းလောက်ရှိနေတယ်လို The Sun က ဖော်ပြခဲ့ပါတယ်။
မန်ယူအသင်းဟာ စျေးကွက်မပိတ်ခင် ဘရိုက်တန်က ဘာလီဘာ၊ ပဲလေ့စ်က အဒမ်ဝှာတန်နဲ့ စပိုတင်းလစ္စဘွန်းက ဟျူးမန်းတိုထဲက တစ်ဦးကို ခေါ်ယူဖို ပစ်မှတ်ထားနေပြီး အဲဒီအတွက် မိန်နူးကို ရောင်းထုတ်သွားဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာတချိုက ဖော်ပြခဲ့ကြပါတယ်။