၆ လကြာ မရပ်မနား ပျံသန်းနိုင်တဲ့ တရုတ်ရဲ့ နေစွမ်းအင်သုံး ဒရုန်း
၆ လကြာ မရပ်မနား ပျံသန်းနိုင်တဲ့ တရုတ်ရဲ့ နေစွမ်းအင်သုံး ဒရုန်း
===============================
တရုတ်နိုင်ငံဟာ ၆ လကြာ မရပ်မနား ဆက်တိုက်ပျံသန်းနိုင်တဲ့ နေစွမ်းအင်သုံး ဒရုန်းတစ်စင်းကို စမ်းသပ်လိုက်ပါတယ်။ Xinjiang သဲကန္တာရမှာ စမ်းသပ်နေတဲ့ ဒီ “Qiming-X50” လို့ခေါ်တဲ့ ဒရုန်းဟာ အလွန်မြင့်တဲ့အမြင့်မှာ လနဲ့ချီပျံသန်းနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။
ဒီဒရုန်းမှာ အထူးပြုလုပ်ထားတဲ့ နည်းပညာတွေပါဝင်ပါတယ်။ အဲဒါတွေကတော့ အလွန်ပေါ့ပါးတဲ့ ကာဗွန်ကိုယ်ထည်၊ ကွေးညွှတ်နိုင်တဲ့ ဆိုလာပြားတွေနဲ့ AI အထောက်အကူပြု ပျံသန်းမှုစနစ်တွေပဲ ဖြစ်ပါတယ်။ နေ့ဘက်မှာ ဆိုလာပြားတွေနဲ့ အားသွင်းပြီး ညဘက်မှာတော့ အလွန်ထိရောက်တဲ့ lithium-air ဘက်ထရီတွေနဲ့ အားဖြည့်ပေးတာကြောင့် နေ့ညမပြတ် လေထဲမှာ ဆက်ရှိနေနိုင်တာ ဖြစ်ပါတယ်။
အဲဒီဒရုန်းဟာ မြေပြင်အထက် ကီလိုမီတာ ၂၀ အမြင့်မှာ (ရာသီဥတုနဲ့ လေယာဉ်သွားလာမှုတွေရဲ့ အထက်မှာ) ပျံသန်းပြီး “quasi-satellite” လို ဆောင်ရွက်နိုင်ပါတယ်။ သူဟာ အာရုံခံကိရိယာတွေ၊ ဆက်သွယ်ရေးကိရိယာတွေနဲ့ စောင့်ကြည့်စနစ်တွေကို ကျယ်ပြန့်တဲ့ ဧရိယာတွေအနှံ့ သယ်ဆောင်နိုင်တာကြောင့် ဂြိုဟ်တုအဖြစ် အစားထိုးနိုင်ပါတယ်။ လောင်စာဆီ၊ လေယာဉ်ဝန်ထမ်း ဒါမှမဟုတ် မကြာခဏ ပြုပြင်ထိန်းသိမ်းမှုတွေ မလိုအပ်တဲ့အတွက် ကုန်ကျစရိတ် သက်သာပါတယ်။
တရုတ်နိုင်ငံဟာ အရေးကြီးတဲ့ နယ်စပ်တွေ၊ သမုဒ္ဒရာတွေနဲ့ ဘေးအန္တရာယ်ဖြစ်ပွားလွယ်တဲ့ ဇုန်တွေအနှံ့မှာ စောင့်ကြည့်ဖို့ ဒီဒရုန်းကို အသုံးပြုမှာ ဖြစ်ပါတယ်။
Ref : Technology Innovation
#DigitalTimes