ဖလူမင်နိစ်အသင်းမှ ဘရာဇီးဂိုးသမား ဖာဘီယို ကမ္ဘာ့ဘောလုံးလောက၏ ပွဲအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့

ဖလူမင်နိစ်အသင်းမှ ဘရာဇီးဂိုးသမား ဖာဘီယို ကမ္ဘာ့ဘောလုံးလောက၏ ပွဲအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့

==================

ဖလူမင်နိစ်အသင်းက ဘရာဇီးလ်ဂိုးသမား ဖာဘီယိုဟာ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း ပီတာရှီလ်တန် တင်ထားတဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ပွဲအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဖာဘီယိုဟာ သြဂုတ်(၁၉)ရက်နေ့က ကိုလံဘီယာကလပ် America de Cali အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပါဝင်ကစားပြီး ပီတာရှီလ်တန်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဲဒီပွဲက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် (၁၃၉၁)ပွဲမြောက်ဖြစ်တဲ့အတွက် ပီတာရှီလ်တန်ရဲ့ စံချိန်(၁၃၉၀ ပွဲ)ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီပွဲအရေအတွက်က ပြိုင်ပွဲအဆင့်ပွဲစဉ်အားလုံးကို တွက်ချက်ခြင်းဖြစ်တာကြောင့် ပီတာရှီလ်တန်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ပွဲတွေရော အင်္ဂလန်ယူ-၂၃ အသင်းအတွက် ကစားခဲ့တဲ့ပွဲတွေရော ပါဝင်ခဲ့ပြီး ဖာဘီယိုကတော့ ဘရာဇီးလ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖူးခြင်းမရှိပါဘူး။

အသက်(၄၄)နှစ်ရှိပြီဖြစ်တဲ့ ဖာဘီယိုက ခရူဇီယိုအသင်းမှာ ပွဲပေါင်း(၉၇၆)ပွဲအထိ ကစားခဲ့ပြီး ဖလူမင်နိစ်အသင်းမှာ ဒုတိယအများဆုံးအဖြစ် (၂၃၅)ပွဲ ကစားပေးထားကြောင်း သိရပါတယ်။