JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားမှုများ ထပ်တိုးလက်ခံမည်

JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားမှုများ ထပ်တိုးလက်ခံမည်

=============================

လာမည့်ဒီဇင်ဘာလအတွင်း ကျင်းပရန်စီစဉ်ထားရှိသည့် ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲ(JLPT)တွင် ဝင်‌ရောက်ဖြေဆိုရန်အတွက် တစ်ဦးချင်းလျှောက်ထားသူများအနေနဲ့ စာဖြေဌာနများမှာ ခုံနေရာများ ထပ်မံတိုးမြင့်ပေးမှာ ဖြစ်လို့ လျှောက်လွှာလက်ခံကာလကို တိုးမြှင့်ထားကြောင်း JPLT စာမေးပွဲကျင်းပရေးကော်မတီက ဩဂုတ်လ ၁၈ ရက်မှာ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ ၁၄ ရက်က လျှောက်လွှာများကို နောက်ဆုံးလက်ခံထားခဲ့ပြီးနောက် ယခုချိန်မှာ လျှောက်ထား မှုများကို တိုးမြှင့်လက်ခံမှာဖြစ်လို့ ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ထပ်မံလျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

စာဖြေဌာနနှင့် ထိုင်ခုံအရေအတွက်များအတိုင်း လက်ခံပေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ level အလိုက် ထိုင်ခုံအရေအတွက်ပြည့်ပါက လျှောက်လွှာလက်ခံခြင်းကို ပိတ်သိမ်းမည်ဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထားပါတယ်။

လျှောက်ထားနိုင်မည့် အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဂျပန်ပညာသင်ဟောင်း အသင်း(MAJA)မှာ အသိပေးထားပါတယ်။