ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မိတ်ဆွေများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မိတ်ဆွေများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်
=====================
သြဂုတ် ၁၉၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူ ၁၆-၈-၂၀၂၅ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်တွင် ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)တွင် ပြုလုပ်သော အနုပညာရပ်ဝန်းမှ မိတ်ဆွေများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် တက်ရောက်လာသူများက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မိမိတို့နှစ်သက်ရာအဖွဲ့အစည်းများအတွက် မဲပေးကြရေး ကိစ္စရပ်များအပါအဝင် အနုပညာပိုင်းဆိုင်ရာအခန်းကဏ္ဍနှင့် ဖျော်ဖြေရေးဆိုင်ရာ အခန်းကဏ္ဍများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအား ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။