မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀ါဆိုလပြည့်နေ့ အခါသမယတွင် အာရုံဆွမ်း ဆက်ကပ်ခြင်းနှင့် ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲကို ဇူလိုင်လ (၁၉) ရက် (၀ါဆိုလပြည့်နေ့)့ နံနက်ပိုင်းက မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် အာရုံဆွမ်းများ အားဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ – မြိတ်