PSG အသင်းကနေ ထွက်ခွါမယ့်နဲ့ ဒွန်နာရမ်မာ
PSG အသင်းကနေ ထွက်ခွါမယ့်နဲ့ ဒွန်နာရမ်မာ
====================
PSG အသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာက အသင်းကနေထွက်ခွါတော့မှာဖြစ်ကြောင်း အင်္ဂါနေ့က အတည်ပြု ကြေညာခဲ့ပါတယ်။
အီတလီဂိုးသမား ဒွန်နာရမ်မာဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို အဆင်မပြေဖြစ်နေတာကြောင့် ထွက်ခွါဖို့ နီးစပ်နေကြောင်း အစောပိုင်းကတည်းက သတင်းထွက်နေခဲ့တာပါ။
PSG အသင်းက ၂၀၂၆ မှာ သက်တမ်းကုန်မယ့် ဒွန်နာရမ်မာကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်မလွှတ်လိုတာကြောင့် သက်တမ်းမတိုးနိုင်ရင် ဒီနွေမှာပဲ ရောင်းထုတ်ဖို စီစဉ်နေတာဖြစ်ပါတယ်။
PSG အသင်းက ဥရောပစူပါဖလားပွဲ ယှဉ်ပြိုင်မယ့် လူစာရင်းကနေ ဒွန်နာရမ်မာကို ချန်လှပ်ခဲ့တဲ့နောက်မှာတော့ ဒွန်နာရမ်မာက Instagram ကတစ်ဆင့် ပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။
ဒွန်နာရမ်မာကို ခေါ်ယူဖို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများစွာက စိတ်ဝင်စားခဲ့ကြတဲ့အနက် လက်ရှိအချိန်မှာ မန်စီးတီးအသင်းနဲ့ သဘောတူညီမှုရရှိသွားခဲ့ပြီလိုလည်း သတင်းထွက်နေပါတယ်။