===========================
အမရပူရ ဩဂုတ် ၁၀
၎င်းနောက် ဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေများ၊လက်ရှိနိုင်ငံရေး အခြေအနေများ၊လာမည့်ရွေး ကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် FPTP စနစ်နှင့်အချိုးကျကိုယ်စားပြု PR စနစ် အကြောင်း၊ ရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးရေး အရေးကြီးကြောင်း၊၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်များ၊၂၀၁၀-၂၀၁၅ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ပြည်သူလူထုအကျိုး ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ယခုအချိန်ထိလည်းပြည်ခိုင်ဖြိုးပါတီမှ ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အမရပူရမြို့နယ်၊ယဥ်တော်စံကျေး ရွာရှိ ရောင်ခြည်ဦးခန်းမတွင်ပြုလုပ်သောဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း တက်ရောက်
===========================
အမရပူရ ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ ဓနူံးကျေးရွာအုပ်စု၊ယဉ်တော်စံကျေးရွာရှိ ရောင်ခြည်ဦးခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ၊ခရိုင်ပါတီအတွင်းရေးမှူး၊မြို့နယ်ပါတီအတွင်းရေးမှူးနှင့်မြို့နယ်ပါတီကော် မတီဝင်များ၊ရပ်ကျေးပါတီကော်မ တီဝင်များ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ရပ်မိရပ်ဖများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ဒေသခံပြည်သူများ၊စုစုပေါင်းအင်အား(၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်မှ တက်ရောက် လာသူများနှင့်မိတ်ဆက်ပေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲ အကြောင်း ရှင်းလင်းပြောကြားပြီး လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲကိုမဖြစ်မနေပေးရမည်ဖြစ်ကြောင်း၊ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန္ဒမဲ မဖြစ်မနေပေးကြရမည်ဖြစ်ကြောင်းနှင့်ပြည်ခိုင်ဖြိုးပါတီသည် အင်အားတောင့်တင်းခိုင်မာပြီး စနစ်တကျ ဖွဲ့စည်းထားသည့်ပါတီဖြစ်ကြောင်း၊အလွှာပေါင်းစုံဖြင့် ဖွဲ့စည်းထားကြောင်း၊တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုပါတီဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေများ၊လက်ရှိနိူင်ငံရေး အခြေအနေများ၊လာမည့်ရွေး ကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် FPTP စနစ်နှင့်အချိုးကျကိုယ်စားပြု PR စနစ် အကြောင်း၊ ရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးရေး အရေးကြီးကြောင်း၊၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဥ်များ၊၂၀၁၀-၂၀၁၅ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ပြည်သူလူထုအကျိုး ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ယခုအချိန်ထိလည်းပြည်ခိုင်ဖြိုးပါတီမှ ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။