===================================
အောင်လံ ဩဂုတ် ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ၂၀၂၄/၂၀၂၅ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစနစ်သစ် စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
===================================
အောင်လံ ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ၂၀၂၄/၂၀၂၅ပညာသင်နှစ်တက္ကသိုလ်၀င်တန်းစနစ်သစ်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ (၈၄)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ဌာနချုပ်)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်တို့မှ ဂုဏ်ပြုဆုရကျောင်းသား/ကျောင်းသူများနှင့်အုပ်ထိန်းသူမိဘများအား ဂုဏ်ပြုဆုချီး မြှင့် ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်၊ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်၊ ခရိုင်၊မြို့နယ်ပါတီကော်မတီ၀င်များမှ (၆)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၆)ဦး၊ (၃)ဘာသာဂုဏျထူးရရျှိသူ (၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၁၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၅၀)ဦးတို့အား ဂုဏ်ထူး(၁)ဘာသာလျှင်(၃၀,၀၀၀)ကျပ် နှုန်းဖြင့် ဂုဏ်ပြုဆုငွေ(၄,၄၇၀,၀၀၀)ကျပ် ချီး မြှင့်ပေးအပ်ခဲ့ကာ ဂုဏ်ပြုဆုရရှိသူ ကျောင်းသား၊ကျောင်းသူများမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဂုဏ်ပြုပွဲအခမ်းအနားအား နေ့လည်(၁၂)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။