ပါတီဥကၠဌ ဦးခင္ရီ ဓမၼစၾကၤာၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔တက္ေရာက္
ပါတီဥကၠဌ ဦးခင္ရီ ဓမၼစၾကၤာၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔တက္ေရာက္
============================
ဩဂုတ္ ၈ ၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးႏွင့္အတူ ၆-၈-၂၀၂၅ ရက္ေန႔ နံနက္ ၇ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳနယ္ရွိ မာရဝိဇယဘုရားႀကီးရင္ျပင္ေတာ္တြင္ ျမန္မာႏိုင္ငံလုံးဆိုင္ရာေထရဝါဒဗုဒၶဘာသာအဖြဲခ်ဳပ္ နယ္စပ္ေတာင္တန္းေဒသ သာသနာ့ႏုဂၢဟအသင္း(ရန္ကုန္တိုင္းေဒသႀကီး)မွ ႀကီးမႉး၍ က်င္းပျပဳလုပ္သည့္ ဓမၼစၾကၤာ႐ြတ္ဖတ္ပူေဇာ္မႈ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿပိဳင္ပြဲဝင္ ၿမိဳနယ္(၄၅)ၿမိဳနယ္မွ လက္ေ႐ြးစင္ေ႐ြးခ်ယ္ခံရေသာ အသင္း(၈)သင္းမွ မာရဝိဇယဘုရားႀကီးရင္ျပင္ေတာ္တြင္ ဓမၼစၾကၤာ႐ြတ္ဖတ္ပူေဇာ္ၾကပါသည္။ ထိုေနာက္ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားအား နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဖြင့္လွစ္ခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီ၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ Three Seasons Foundation ဥကၠ႒ ဦးေနရွိင္းႏွင့္ တာဝန္ရွိသူမ်ားက ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ႏွစ္သိမ့္ဆုမ်ားႏွင့္ အမႊန္း႐ြတ္ဆိုမႈဆိုင္ရာဆုမ်ားအား ခ်ီးျမႇင့္ေပးအပ္ခဲ့ၿပီး အခမ္းအနားကို ဗုဒၶ သာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆို၍ အခမ္းအနားအား ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါအခမ္းအနားသို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီမွ ဥကၠ႒ ဦးခင္ရီ၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာေထရဝါဒဗုဒၶဘာသာအဖြဲခ်ဳပ္ နယ္စပ္ေတာင္တန္းေဒသ သာသနာ့ႏုဂၢဟအသင္း(ရန္ကုန္တိုင္းေဒသႀကီး)မွ တာဝန္ရွိသူမ်ား၊ ဝတ္႐ြတ္ၿပိဳင္ပြဲဝင္အသင္း (၈)သင္းမွ ၿပိဳင္ပြဲဝင္မ်ား အင္အား (၂၀၀)ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပါတီဥက္ကဌ ဦးခင်ရီ ဓမ္မစင်္ကြာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
============================
ဩဂုတ် ၈ ၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်အတူ ၆-၈-၂၀၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဘုရားကြီးရင်ပြင်တော်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲချုပ် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်မှု ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြိုင်ပွဲဝင် မြိုနယ်(၄၅)မြိုနယ်မှ လက်ရွေးစင်ရွေးချယ်ခံရသော အသင်း(၈)သင်းမှ မာရဝိဇယဘုရားကြီးရင်ပြင်တော်တွင် ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ကြပါသည်။ ထိုနောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ Three Seasons Foundation ဥက္ကဋ္ဌ ဦးနေရှိင်းနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုများနှင့် အမွှန်းရွတ်ဆိုမှုဆိုင်ရာဆုများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲချုပ် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူများ၊ ဝတ်ရွတ်ပြိုင်ပွဲဝင်အသင်း (၈)သင်းမှ ပြိုင်ပွဲဝင်များ အင်အား (၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။