ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း ၾသစေၾတးလ်ကို အႏိုင္ရရွိ

ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း ၾသစေၾတးလ်ကို အႏိုင္ရရွိ
===============================
၂၀၂၅ အာဆီယံ အမ်ိဳးသမီးခ်န္ပီယံရွစ္ ၿပိဳင္ပြဲ အုပ္စု (B) ပထမေန႔ကို ၾသဂုတ္လ ၇ ရက္တြင္ ဗီယက္နမ္ႏိုင္ငံ၌ က်င္းပရာ ျမန္မာအသင္းက ၾသစေၾတးလ်အသင္းကို ၂ ဂိုး ၁ ဂိုးျဖင့္ အႏိုင္ရခဲ့သည္။
ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းအတြက္ ဆီမီးဖိုင္နယ္တက္ေရာက္ခြင့္အတြက္ အေရးပါသည့္ ႏိုင္ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ပုံစံေကာင္းျပသကာ အႏိုင္ကစားႏိုင္ခဲ့ျခင္းျဖစ္သည္။ ၾသစေၾတးလ်အသင္းသည္ ယူ-၂၃ အသင္းကို ေစလႊတ္ေသာ္လည္း အာရွထိပ္သီးအသင္းတစ္သင္းပီသစြာ ကစားႏိုင္ခဲ့ၿပီး ျမန္မာ အသင္းအေနျဖင့္ ႏွစ္ဂိုးစတင္သြင္းယူႏိုင္ခဲ့၍သာ အႏိုင္သုံးမွတ္ ရရွိခဲ့ျခင္းလည္း ျဖစ္သည္။
ယခုပြဲအတြက္ အေကာင္းဆုံးဆုကို အဖြင့္ ဂိုးသြင္းယူခဲ့သည့္ ျမန္မာအသင္းေနာက္ခံလူ ေမသက္မြန္ျမင့္က ရရွိသည္။
ျမန္မာအသင္းသည္ အုပ္စု(B)တြင္ လက္ရွိခ်န္ပီယံ ဖိလစ္ပိုင္၊ ၾသစေၾတးလ်၊ တီေမာအသင္းတို႔ႏွင့္ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး ၾသဂုတ္လ ၁၀ ရက္တြင္ တီေမာအသင္းႏွင့္ ကစားရမည္ျဖစ္သည္။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သြစတြေးလျကို အနိုင်ရရှိ
===============================
၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (B) ပထမနေ့ကို သြဂုတ်လ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းက သြစတြေးလျအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် အရေးပါသည့် နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပုံစံကောင်းပြသကာ အနိုင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ သြစတြေးလျအသင်းသည် ယူ-၂၃ အသင်းကို စေလွှတ်သော်လည်း အာရှထိပ်သီးအသင်းတစ်သင်းပီသစွာ ကစားနိုင်ခဲ့ပြီး မြန်မာ အသင်းအနေဖြင့် နှစ်ဂိုးစတင်သွင်းယူနိုင်ခဲ့၍သာ အနိုင်သုံးမှတ် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ယခုပွဲအတွက် အကောင်းဆုံးဆုကို အဖွင့် ဂိုးသွင်းယူခဲ့သည့် မြန်မာအသင်းနောက်ခံလူ မေသက်မွန်မြင့်က ရရှိသည်။
မြန်မာအသင်းသည် အုပ်စု(B)တွင် လက်ရှိချန်ပီယံ ဖိလစ်ပိုင်၊ သြစတြေးလျ၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး သြဂုတ်လ ၁၀ ရက်တွင် တီမောအသင်းနှင့် ကစားရမည်ဖြစ်သည်။




