
===========================
မန္တလေး ဩဂုတ် ၎




ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမန်းတောင်ခြေဘိုးဘွားရိပ်သာမှ သက်ကြီးဘိုး ဘွားများအား ပူဇော်ကန်တော့ပွဲသို့တက်ရောက်
===========================
မန္တလေး ဩဂုတ် ၄

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုး ဘွားများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့်အောင် မြေသာစံခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပူဇော်ကန်တော့ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းပါတီ အတွင်းရေးမှူး ဦးညွန့်ဆောင်၊တိုင်းပါတီကော်မတီဝင်များ၊အောင်မြေသာစံခရိုင်ပါတီဥက္ကဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊အောင်မြေသာစံမြို့နယ်ပါတီဥက္ကဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ရပ်ကွက်ပါတီဥက္ကဌများနှင့်ကော်မတီဝင်များ၊ပါတီဝင်များတက်ရောက်ခဲ့ကြပါ သည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပါသည်။၎င်းနောက် တာဝန်ရှိသူများက မန်းတောင်ခြေဘိုးဘွားရိပ်သာရှိ အဘိုး ၁၃ဦး၊အဘွား ၄၆ဦး၊စုစုပေါင်ဘိုးဘွားမျာ၅၉ဦးအား တစ်ဦးလျင် စောင်အိပ်ယာခင်း ၁ထည်စီနှင့် ငွေသား (၈၀၀၀)ကျပ်စီ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။