ကမာၻ႔ပညာေရးအဆင့္အတန္း က်ဆင္းလာသည့္အတြက္ ဖင္လန္ေက်ာင္းသားမ်ား မိုဘိုင္းဖုန္းအသုံးျပဳခြင့္ တားျမစ္
ကမာၻ႔ပညာေရးအဆင့္အတန္း က်ဆင္းလာသည့္အတြက္ ဖင္လန္ေက်ာင္းသားမ်ား မိုဘိုင္းဖုန္းအသုံးျပဳခြင့္ တားျမစ္
================
ကမာၻ႔ပညာေရးအဆင့္အတန္းျမင့္မားေသာ ဖင္လန္ႏိုင္ငံရွိ စာသင္ေက်ာင္းမ်ားသည္ ယခုအခါ ကမာၻ႔အဆင့္ က်ဆင္းလာသည့္အတြက္ ေက်ာင္းသားမ်ားအေနျဖင့္ စာသင္ေက်ာင္းမ်ားတြင္ မိုဘိုင္းဖုန္းအသုံးျပဳခြင့္ မရွိေတာ့ေၾကာင္း သိရသည္။
ဖင္လန္ႏိုင္ငံအစိုးရသည္ ျပင္ဆင္ထားသည့္ အေျခခံပညာေရးဥပေဒကို ဧၿပီလတြင္ အတည္ျပဳခဲ့ျခင္း ျဖစ္ၿပီး ဩဂုတ္လ ၁ ရက္တြင္ စတင္အသက္ဝင္လာၿပီျဖစ္သည္။
ထိုဥပေဒတြင္ အသက္ခုနစ္ႏွစ္မွ ၁၆ ႏွစ္အထိ ေက်ာင္းသားမ်ားအေနျဖင့္ အတန္းတက္ေနစဥ္အခ်ိန္အတြင္း မိုဘိုင္းဖုန္းအသုံးျပဳမႈကို တားျမစ္ထားသည္။
ထို႔ျပင္ စာသင္ခန္းမ်ားတြင္ မိုဘိုင္းဖုန္းမ်ား၊ အျခားမိုဘိုင္းကိရိယာမ်ားကို သင္ယူေရးအတြက္ အသုံးျပဳ လိုပါက တာဝန္က်ဆရာ၏ ခြင့္ျပဳခ်က္ရယူရမည္ျဖစ္ေၾကာင္း ဥပေဒတြင္ေဖာ္ျပထားသည္။
တစ္ခ်ိန္တည္းမွာပင္ အမ်ိဳးသားပညာေရးဌာနသည္ ေက်ာင္းသားမ်ားဖုန္းသုံးစြဲမႈကို ဥပေဒတြင္ ေဖာ္ျပ ထားမႈထက္ ထမင္းစားခ်ိန္၊ ေခတၱနားခ်ိန္တို႔တြင္လည္း ဖုန္းကိုအသုံးျပဳခြင့္မေပးေရး အစရွိသည္ျဖင့္ စည္းမ်ဥ္းမ်ားကို ပိုမိုတင္းက်ပ္စြာခ်မွတ္ရန္ ေတာင္းဆိုထားေၾကာင္းသိရသည္။
ကမ္ဘာ့ပညာရေးအဆင့်အတန်း ကျဆင်းလာသည့်အတွက် ဖင်လန်ကျောင်းသားများ မိုဘိုင်းဖုန်းအသုံးပြုခွင့် တားမြစ်
================
ကမ္ဘာ့ပညာရေးအဆင့်အတန်းမြင့်မားသော ဖင်လန်နိုင်ငံရှိ စာသင်ကျောင်းများသည် ယခုအခါ ကမ္ဘာ့အဆင့် ကျဆင်းလာသည့်အတွက် ကျောင်းသားများအနေဖြင့် စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းအသုံးပြုခွင့် မရှိတော့ကြောင်း သိရသည်။
ဖင်လန်နိုင်ငံအစိုးရသည် ပြင်ဆင်ထားသည့် အခြေခံပညာရေးဥပဒေကို ဧပြီလတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပြီး ဩဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင်လာပြီဖြစ်သည်။
ထိုဥပဒေတွင် အသက်ခုနစ်နှစ်မှ ၁၆ နှစ်အထိ ကျောင်းသားများအနေဖြင့် အတန်းတက်နေစဉ်အချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို တားမြစ်ထားသည်။
ထို့ပြင် စာသင်ခန်းများတွင် မိုဘိုင်းဖုန်းများ၊ အခြားမိုဘိုင်းကိရိယာများကို သင်ယူရေးအတွက် အသုံးပြု လိုပါက တာဝန်ကျဆရာ၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အမျိုးသားပညာရေးဌာနသည် ကျောင်းသားများဖုန်းသုံးစွဲမှုကို ဥပဒေတွင် ဖော်ပြ ထားမှုထက် ထမင်းစားချိန်၊ ခေတ္တနားချိန်တို့တွင်လည်း ဖုန်းကိုအသုံးပြုခွင့်မပေးရေး အစရှိသည်ဖြင့် စည်းမျဉ်းများကို ပိုမိုတင်းကျပ်စွာချမှတ်ရန် တောင်းဆိုထားကြောင်းသိရသည်။